
မောက်မယ် စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့အတွက် ကျေးလက်နေပြည်သူများအနေဖြင့် လူနေမှုအဆင့်အတန်းမြင့်မားလာပြီး လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်မြှင့်မားလာစေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင် ဦးဆောင် သော မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဝင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တည်ဆောက်ရေးလုပ်ငန်းများအား စက်တင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းက ဟိုလွိုင်ကျေးရွာအုပ်စုနှင့် ပန်းတန် ကျေးရွာအုပ်စုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် ၂၀၂၅−၂၀၂၆ဘဏ္ဍာရေးနှစ်အတွင်း ဟိုလွိုင်ကျေးရွာ အုပ်စု၊ နောင်ပီကျေးရွာတွင် မြို့နယ်ပညာရေးဌာန၏ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့်(၆၀×၃၀)ပေ RCC(၁) ထပ်ဆောင် အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း၊ ပန်းတန်ကျေးရွာအုပ်စုအတွင်း မြို့နယ်ကျေးလက်လမ်း ဦးစီးဌာန၏ ပြည်နယ်သာမန်ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် ဆောက်လုပ်ထားသော ထီလင်း− ဖာစန်းလမ်းပေါ်ရှိ ကျောက်စီကမ်းကပ်ခုံ ၅ပေ Box Culvert ပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်း၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့်လမ်းဦးစီးဌာနကြီးကြပ်ရေးအဖွဲ့၏ ထီတခေါ့−ဖာစန်း−လွိုင်ကောင်− ထီပျဉ်ကျောက်ချောလမ်းမှ(၁/၅)မိုင် ကတ္တရာခင်းရန် အမာခံလမ်းပုခုံးခင်းခြင်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး