ကျိုင်းတုံ စက်တင်ဘာ ၂၉
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေ၊ မွေးမြူရေးဘဏ်စနစ်ဖြင့် ဝယ်ယူဖြန့်ဖြူးသည့်တိရစ္ဆာန်မျိုးကောင်း၊ မျိုးသန့် ဒေသနွား၊ နွားပြာစိမ်း အမ(၁၀)ကောင်အား ကတ်ထိုက်အုပ်စု၊ တုံကွမ်ကျေးရွာကော်မတီထံ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၂၉ ရက်နေ့လည် ၁နာရီတွင် ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်အုပ်စု၊ တုံကွမ်ကျေးရွာ၊ ရွာလယ်ခန်းမ‌ဆောင်၌ ကျင်းပပြုလု‌ပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်(၁)ဒု-ဗိုလ်မှူးကြီး ကြည်မင်းသိန်း၊ ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးနိုးဝေ၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးစောမင်းသူနှင့် အဖွဲ့ဝင်များ၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာမျိုးနိုင်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာကြီးကြပ်မှု ကော်မတီဝင်များ၊ ကျေးရွာသူ/ကျေးရွာသားများ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဌ ဦးတင်လင်း မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာမျိုးနိုင်က ဒေသနွားများ ဖြန့်ဖြူးပေးရခြင်းနှင့်ပတ်သက်၍ ကဏ္ဍတစ်ခုချင်းအလိုက် ရှင်းလင်းတင်ပြခြင်း၊ ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ဥက္ကဌ ဦးနိုးဝေမှ ဒေသနွား မွေးမြူရခြင်း အကျိုးကျေးဇူးများအား ရှင်းလင်းတင်ပြခြင်း၊ ကျေးရွာကြီးကြပ်မှုကော်မတီထံသို့ ဒေသနွား အမ(၁၀)ကောင်အားလွှဲပြောင်းပေးအပ်မှု စာချုပ်စာတမ်းများ ပေးအပ်ခြင်း၊ ဒေသနွားများအား မွေးမြူသူထံသို့ လွှဲပြောင်းပေးအပ်ခြင်း၊ ကျေးရွာသူ/ကျေးရွာသားများကိုယ်စား ကျေးရွာကော်မတီဝင် ဦးထွန်းထွန်းလတ် မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် တိရစ္ဆာန်မျိုးကောင်း၊ မျိုးသန့် ဒေသနွား၊ နွားပြာစိမ်း(၁၀)ကောင်အား ကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း သိရှိရသည်၊၊
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး