ဟိုပုံး စက်တင်ဘာ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ AHA Centre နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ပူးပေါင်း၍ ယာယီတိုက်ပွဲရှောင်ပြည်သူများအား ဆန်နှင့် အသုံး အဆောင်ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းကို စက်တင်ဘာလ၂၆ရက် နံနက် ၉ နာရီအချိန်က သီရိမင်္ဂလာသာသနာ့ ဗိမာန်တွင် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၊ ဟိုပုံးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာန ညှိနှိုင်းရေးမှူး ဒေါ်အေးချမ်းခင်နှင့် တပ်ဖွဲ့ဝင်များက ဟိုပုံးမြို့နယ်အတွင်းရှိ ယာယီတိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၃၉၉)စု၊ လူဦးရေ(၁၄၉၂)ဦး တစ်အိမ် ထောင်စုလျှင် ဆန်(၁)အိတ်နှင့် အသုံးအဆောင်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး