တောင်ကြီး စက်တင်ဘာ-၂၅
မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ (၂၅) ရက်၊ နံနက်(၉)နာရီခွဲက ရှမ်းပြည်နယ် တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ယနေ့ကျင်းပသည့် ဟောပြောပွဲသည် မူပိုင်ခွင့်ဆိုင်ရာ အသိပညာဗဟုသုတများပြန့်ပွားစေရန်နှင့် ဒေသခံ တိုင်းရင်းသားပြည်သူများ မူပိုင်ခွင့်ဆိုင်ရာအသိပညာတိုးပွားစေရန်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ မူပိုင်ခွင့်ဦးစီးဌာနတာဝန်ရှိသူများအားဖိတ်ကြား၍ စီစဥ်ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်တွင် ဆန်းသစ်တီထွင်ဖန်တီးမှုများနှင့် ယှဥ်ပြိုင်မှုမြင့်မားသည့် စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံတော်၏ တန်ဖိုးမြင့်ထုတ်ကုန်များကို နိုင်ငံတကာစျေးကွက်များသို့ရောက်ရှိစေရန်၊ ကုန်သွယ်မှု ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာပေ အနုပညာဖန်တီးမှုများ အဆင့်အတန်းမြင့်မားလာစေရန်အတွက် မူပိုင်ခွင့်စနစ်ကို အားပေးမြှင့်တင်ပြီး ကျင့်သုံးဆောင်ရွက် ကြရန်လိုအပ်ပါကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာအသိပညာပြန့်ပွားရေးဟောပြောပွဲကို ရှမ်းပြည်နယ်အတွင်းနေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ ဌာနဆိုင်ရာအသီးသီးမှာ တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများကို မူပိုင်ခွင့်ဆိုင်ရာ အသိပညာပြန့်ပွားနိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ဟောပြောပို့ချသွားမှာ ဖြစ်သည့်အတွက် အသိပညာပေးဟောပြောပွဲ၊ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားထားကြရန်လိုအပ်ပါကြောင်း၊ ရရှိလာသည့် အသိပညာ ဗဟုသုတများကို မိမိအတွက်၊ မိမိအဖွဲ့အစည်းအတွက် အကျိုးရှိရှိပြန်လည်အသုံးချရမည်ဖြစ်ပြီး မိမိပတ်ဝန်းကျင်တွင် ထပ်ဆင့်ပြန်လည်မျှဝေသွားကြရန် ပြောကြားသည်။
ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဒေါက်တာနွယ်ရီဝင်းက မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟောပြောပွဲ အခမ်းအနားသို့တက် ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲတွင် မူပိုင်ခွင့်ဦးစီးဌာန (ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဒေါက်တာ နွယ်ရီဝင်းက မူပိုင်ခွင့်ဆိုင်ရာသိကောင်းစရာများကို အသိပညာပေးဟောပြောပြီး ဟောပြောပွဲ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြရာ မူပိုင်ခွင့်ဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပြီး အသိပညာပေးဟောပြောပွဲသို့ တောင်ကြီးမြို့ရှိ တိုင်းရင်းသားစာပေယဥ်ကျေးမှုအဖွဲ့(၉)ဖွဲ့မှ (၁)ဖွဲ့လျှင် (၈)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စည်ပင်သာယာရေးဌာနမှ တောင်ကြီးမြို့၊ ဂနိုင်ကန်သာယာသွားသည့်လမ်းအဆင့်မြှင့်တင်ဆောင်ရွက်နေမှု၊ ပလက်ဖောင်းနှင့် ရေနုတ်မြောင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရေနုတ်မြောင်းအဖုံးများကို ထည့်သွင်းဆောင်ရွက် ပေးရန် လိုအပ်ကြောင်းနှင့် ဆက်သွယ်ရေးကြိုးလိုင်းများကို သက်ဆိုင်ရာများနှင့် ပေါင်းစပ်၍ စနစ်တကျရှင်းလင်းခြင်း၊ သွယ်တန်းခြင်းများဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ရေနုတ်မြောင်းနှင့် မလွတ်သည့် ဓါတ်မီးတိုင်များကိုနေရာပြောင်းရွေ့ စိုက်ထူဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ လမ်းများရေရှည်ကောင်းမွန်စွာအသုံးပြုနိုင်စေရန်အတွက် သတ်မှတ်စံချိန်၊ စံညွှန်းအရည်အသွေး ပြည့်မီအောင်ဆောင်ရွက်ရန် တာဝန်ရှိသူများအား ဖြည့်စွက်မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရုံးကြီးလမ်း(ကျားခေါင်းလမ်းနှင့် သပြေလမ်းကြား) နိုင်လွန်ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် က လမ်းအားရေရှည်တည်တံ့ပြီးကောင်းမွန်စွာအသုံးပြုနိုင်စေရန်အတွက် သတ်မှတ်စံချိန် စံညွှန်းနှင့် အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ကြရန်နှင့် လမ်းပေါ်တွင်ရေတင်ကျန်မှု မရှိစေရေး၊ ရေများ ရေနုတ်မြောင်းအတွင်းစီးဝင်နိုင်ရေး စနစ်တကျဆောင်ရွက်ပေးရန် ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး