တောင်ကြီး စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ရွှေဘုန်းပွင့်စေတီတော်၌ (၅)ရက်တိုင်တိုင် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ(ဖွင့်ပွဲ)အခမ်းအနားကို စက်တင်ဘာလ ၂၃ ရက်၊ နံနက် ၆ နာရီ အချိန်တွင် တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်စေတီတော်ရှိ ဓမ္မာရုံကြီး၌ ကျင်းပသည်။
ဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်စေတီတော်တွင် ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက ပင့်သံဃာတော်များကို အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ဆရာတော်သံဃာတော်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်တို့က “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး တောင်ကြီးမြို့၊ သိမ်တောင်ကျောင်းတိုက်မှ အရှင်တိလောက က ရောင်ခြည်ဖွင့် ဂါထာဖြင့် ဘုရားပင့်၍ နိုင်ငံတော် ဩဝါဒါစရိယ၊ တောင်ကြီးမြို့၊ စွန်းလွန်းဂူကမ္မဋ္ဌာန်းကျောင်းတိုက် ဦးစီးပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယ ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူကြည်ညိုကာ တောင်ကြီးမြို့၊ အောင်ဗောဓိ မြရတနာကျောင်းတိုက်မှ အရှင်ဓမ္မိသာရက ပဋ္ဌာန်းတရားနာကြားရန် နတ်၊ ဗြဟ္မာများကို ပင့်ဖိတ်ကာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများဆက်ကပ်လှူဒါန်းကြပြီး ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ တောင်ကြီးမြို့၊ သိမ်တောင်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တတေဇဝန္တထံမှ အနုမောဒနာတရား နာယူကြည်ညို၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ယင်းနောက် တောင်ကြီးမြို့၊ သိမ်တောင်ကျောင်းတိုက် မှ အရှင်ပညာဒီပက ပဋ္ဌာန်းအမွှန်း ဖတ်ကြားပူဇော်၍ ဆရာတော် သံဃာတော်များနှင့် ဧည့်ပရိသတ်များက ပဋ္ဌာန်းပစ္စယနိဒ္ဒေသ ပါဠိတော်(အကျဉ်း)ကို ရွတ်ဖတ်ပူဇော်ခြင်းနှင့် ပဋ္ဌာနဘာဏကသံဃာတော်များက ပဋ္ဌာန်း ကျမ်းမြတ်ဒေသနာတော်ကို အလှည့်ကျရွတ်ဖတ်ပူဇော်ကြကြောင်းသိရှိရသည်။
အဆိုပါပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို စက်တင်ဘာလ ၂၃ ရက်နေ့မှ စက်တင်ဘာလ ၂၇ ရက်နေ့အထိ (၅)ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး