ဟိုပုံး စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန် ၊စစ်ကိုင်း)နှင့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်တက်ရောက်ရန်အတွက် ရေးဖြေစာမေးပွဲကို စက်တင်ဘာ (၂၀)ရက် နံနက် ၉ နာရီချိန်က အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းတွင် ဖြေဆိုခဲ့ကြသည်။
ထိုသို့ရေးဖြေစာမေးပွဲတွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)တက်ရောက်ရန်အတွက် ဟိုပုံးမြို့နယ်မှ သိပ္ပံတွဲ၊ ဝိပ္ပံတွဲ၊ ဝိဇ္ဇာတွဲ ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ(၁၀)ဦး၊ ဖြေဆို(၆)ဦး၊ ပျက်ကွက်(၄)ဦး၊ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်တက်ရောက်ရန်အတွက် သိပ္ပံတွဲ၊ ဝိပ္ပံတွဲ၊ ဝိဇ္ဇာတွဲ ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ (၃)ဦး၊ ဖြေဆို(၃)ဦးရှိပြီး ကျောင်သား၊ ကျောင်းသူများက မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာဘာသာရပ်များကို ဖြေဆိုခဲ့ကြောင်းသိရသည်။
အဆိုပါဖြေဆိုနေမှုအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးခွန်သိန်းရွှေနှင့် တာဝန်ရှိသူများက ကြည့်ရှုအား ပေးခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး