ရွာငံ စက်တင်ဘာ ၁၉
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ရွာငံမြို့နယ်တွင် ငလျင်ဘေးကြောင့်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည်များအားရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားကို စက်တင်ဘာ (၁၉) ရက် ၊ နံနက်(၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးသိန်းဆိုင်က အဖွင့်အမှာစကားပြောကြားပြီး ငလျင်ကြောင့်တစ် စိတ်တစ်ပိုင်းပျက်စီးသွားသည့် ဘုန်းကြီးကျောင်းနှင့်လူနေအိမ်များအတွက် မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များက ထောက်ပံ့ပေးအပ်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ဝင်များကလက်ခံရယူခဲ့ကြသည်။ ရွာငံမြို့နယ်တွင် ငလျင်ကြောင့်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် ဘုန်းကြီးကျောင်း (၁၄) ကျောင်းအတွက် တစ်ကျောင်းလျှင်(၂၀၀၀၀၀)ဖြင့် ထောက်ပံ့ငွေ (၂၈၀၀၀၀၀ )ကျပ်နှင့် လူနေအိမ်(၂၈၇)အိမ်မှအိမ်ထောင်စု (၂၈၇)စုအတွက် အိမ်ထောင်စုတစ်စုလျှင် (၂၀၀၀၀)ဖြင့် ( ၅၇၄၀၀၀၀)ကျပ်အသီးသီးထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။
ထိုနောက် ရွာငံမြို့နယ် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာအသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းသရုပ်ပြပွဲကို နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးသိန်းဆိုင်က နည်းပညာများ တိုးတက်လာသောခေတ်နှင့်အညီမြန်မာနိုင်ငံ၏ရွေးကောက်ပွဲများတွင်လည်းအကျိုးကျေးဇူးများလှသည့် အီလက်ထရောနစ်မဲပေးစက်များအသုံးပြုခြင်းသည် လွတ်လပ်၍တရားမျှတသော ၊ ဂုဏ်သိက္ခာရှိသောရွေးကောက်ပွဲတစ်ရပ်အောင်မြင်စွာကျင်းပနိုင်ရေးတွင် ကြီးစွာသောအထောက်အကူဖြစ်စေရန် စသည်များကို ရှင်းလင်း၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး ဒေါ်ဇူဇူပိုင်ဝင်းက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာများကို လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးကျော်ဦးက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအားဟန့်တားဖျက်ဆီးခြင်းနှင့် ကာကွယ်ရေးဆိုင်ရာဥပဒေများ၊ပြစ်မှု၊ ပြစ်ဒဏ် ဆိုင်ရာများကိုအကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသော ဝန်ထမ်းများ၊ ရပ်ကွက် ၊ ကျေးရွာအုပ်စုများရှိ မဲဆန္ဒရှင်ပြည်သူများက လက်တွေ့စမ်းသပ်မဲပေးခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး