ဆီဆိုင် စက်တင်ဘာ-၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် စည်ပင်သာယာ ရေးဌာန မှ ၂၀၂၅-၂၀၂၆ ဘာဏ္ဍာရေးနှစ်၊ ပြည်နယ်ရန်ပုံငွေဖြင့် ဆီဆိုင်မြို့၊ အောင်သပြေရပ်ကွက်၊ မြို့မဈေး(တောင်ဘက်)၊ သစ္စာလမ်းတွင် အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက် ရှိသည်။
ထို့သို့ အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်နှင့် ဝန်ထမ်းတို့ က ကြီးကြပ်၍ မြို့ပေါ်ရပ်ကွက်များနှင့် မြို့မဈေး တွင် ရေစီးရေလာကောင်းမွန်စေရန်အတွက် အောင်သပြေရပ်ကွက်၊ မြို့မဈေး(တောင်ဘက်)၊ သစ္စာလမ်းတွင် ၂၀၂၅-၂၀၂၆ ဘာဏ္ဍာရေးနှစ်၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေ ငွေကျပ်(၂၃)သန်းဖြင့် အရှည်(၂၉၀)ပေ၊ အကျယ်(၂)ပေ(၆)လက်မ၊ အမြင့် (၃)ပေ ရေမြောင်းအား အုတ်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိပြီး လုပ်ငန်းများအနေဖြင့် (၆၀)ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး