ပင်းတယ စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ရွာငံမြို့နယ်၌ စက်တင်ဘာ ၁၉ ရက်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ” Bakery & Snack “အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်လှစ်ပေးရခြင်းနှင့်ပတ်သက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသဦးစီးမှူးဒေါ်အေးအေးသန့်က သင်တန်းဖွင့်လှစ်ပေးလိုက်ခြင်းဖြင့် ကျေးလက်နေပြည်သူများအား အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေး၊ကျေးလက်နေမိသားစုဝင်ငွေတိုးပွားရေး ၊ လူငယ်များအလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ရေးတို့အတွက် မိမိတို့ဌာနမှ သင်တန်းများအား စဉ်ဆက်မပြတ်ဖွင့်လှစ်သင်ကြားပေးနေကြောင်း သိရသည်။
ယခုဖွင့်လှစ်သင်ကြားပေးသည့် ” Bakery & Snack ” အမျိုးမျိုးထုတ်လုပ်မှုသင်တန်းတွင် သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၂၀) ဦးတက်ရောက်သင်ကြားပြီး၊သင်တန်းကာလမှာ စက်တင်ဘာလ ၁၉ ရက်နေ့မှ စက်တင်ဘာလ ၂၄ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး