တောင်ကြီး စက်တင်ဘာ -၁၈
ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်အတွက် ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် ခရိုင်အမျိုးသမီး ကော်မတီ အစည်းအဝေးကို စက်တင်ဘာ (၁၈)ရက်၊ နံနက်(၁၀)နာရီတွင် ခရိုင်/ မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ပြည်နယ်/ ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဝင်များ၊ ခရိုင်အမျိုးသမီးရေးရာ/ မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များအပါအဝင်စုစုပေါင်း အင်အား(၂၀)ဦးခန့်နှင့်အတူ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်မှ အတူလိုက်ပါတက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။
ထို့နောက်တောင်ကြီးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌမှ ၂၀၂၅ ခုနှစ်တွင် ကျရောက်မည့် သီတင်းကျွတ်မီးထွန်း ပွဲတော်အားကြိုဆိုသည့်အနေဖြင့် ရှမ်းတောင်တန်းဒေသ၏ ဇွတ်တန်ဈေးဗန်းကြီးများနှင့် Taunggyi Thadingyut Shopping Festivalအား ALTITUDE ENTERTAINMENT GROUP မှ အဝေရာမီးပုံးပျံကွင်းတွင် ဆိုင်ခန်းများဖွင့်လှစ်ပြီး အထူးဈေးရောင်းပွဲတော်ကြီးအဖြစ် ဒေသထွက်အစားအစာများ၊ အသုံးအဆောင်ပစ္စည်းများကို အမျိုးအစား စုံလင်စွာဖြင့် ရောင်းချနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နံနက်(၉)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ရုံးအဖွဲ့၊ ခရိုင်/ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့အပါအဝင်စုစုပေါင်းအင်အား(၂၀)ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး