မောက်မယ် စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံလူငယ်လူရွယ် များ အသိပညာဗဟုသုတရရှိစေရန်နှင့် လူငယ်ဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ လူငယ်ရေးရာအသိ ပညာပေးဟောပြောပွဲကို စက်တင်ဘာလ၁၈ရက် နံနက်၁၀နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက ယခုလူငယ် နောင်ဝယ်လူကြီးများဖြစ်ကြမည့် နိုင်ငံ့တာဝန်ကို ပုခုံးပြောင်းတာဝန်ယူထမ်းဆောင်ကြ ရမည့်လူ့စွမ်းအားအရင်းအမြစ်များပေါ်ပေါက်စေရန် လိုက်နာကျင့်သုံးရမည့်ပြည်သူ့နီတိကျင့်ထုံးများ၊ ပြုမှုကျင့်သုံးလိုက်နာရမည့်ဂါရဝတရား၊ နိဝါတတရားများ၊ ဆင်ခြင်တုံတရား၊ ကိုယ်ချင်းစာတရား စသည့် ကိုယ်နှုတ်စိတ်သုံးပါးမှ ပြုမှုနေထိုင်ကျင့်ကြံရမည့် အကြောင်းအရာများ၊ လူငယ်များအနေဖြင့် ပညာရေးကဏ္ဍအပြင်စာရိတ္တကောင်းမွန်ရေး၊ ပေါင်းသင်းဆက်ဆံရေးနှင့်ကျန်းမာရေးကောင်းမွန်စေရေး၊ ကြီးပွားရေးအမြင်ရှိစေရေးတို့အပြင် မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက် စေရေးတို့နှင့် စပ်လျဉ်း၍ဆွေးနွေးဟောပြောပြီး ပြသထားသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပလတ်စတစ်အသုံးပြုမှုလျော့ချရေးအသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ ကြကြောင်းသိရသည်။
ထို့နောက်၂၀၂၅ခုနှစ်မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ ကျေးရွာအုပ်စုပေါင်းစုံ အလွတ်တန်းအမျိုးသား ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို နမ့်ယွမ်းဂေါက်ကွင်း ၌ ညနေ၃နာရီက ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က လူငယ်လူရွယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့်ပြည့်စုံ၍ မူးယစ်ဆေးဝါး သုံးစွဲခြင်းအန္တရာယ်မှကင်းဝေးစေရန်၊ မြို့နယ်အတွင်းရှိတိုင်းရင်းသားညီအစ်ကိုမောင်နှမများ ချစ်ခင် ရင်းနှီးကျွမ်းဝင်မှုပိုမိုရရှိစေရန်၊ ထူးချွန်ထက်မြက်သည့်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေ ရန်နှင့် မြို့နယ်အဆင့်မှ ခရိုင်/ ပြည်နယ်/ တိုင်းအဆင့်/ မြန်မာ့လက်ရွေးစင်အဆင့်ဆင့်သို့ တက်လှမ်း နိုင်စေရန်ရည်ရွယ်၍ အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် စစ်ကြောင်းမှူးဦးဆောင်သော အားကစားသမားများနှင့် ပရိတ်သတ်များတို့က နိုင်ငံတော်အလံကိုအလေးပြုကြ၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ် ဆိုခဲ့ကြပြီး မြို့နယ်အားကစားနှင့်ကာယပညာကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က ဘောလုံးကန်၍ ပြိုင်ပွဲစတင်ပြီးနောက် ဌာနဆိုင်ရာအသင်းနှင့် စဉ့်ဝင်/စဉ့်ဆိုင် အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဘောလုံးဝါသနာရှင်များတို့ကကြည့်ရှု အားပေးခဲ့ကြပြီး အဆိုပါအလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲတွင် အသင်းပေါင်း(၈)သင်းဝင်ရောက် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး စက်တင်ဘာလ၂၆ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးစိုင်းအောင်ကျော်ထံမှသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး