ကျိုင်းတုံ စက်တင်ဘာ-၁၈
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ၊ စက်တင်ဘာလ ၁၈ ရက် မွန်းလွဲ ၃ နာရီတွင် ကျိုင်းတုံမြို့၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နှင့်ဇနီး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှ့)ဥက္ကဋ္ဌ ဦးတင်လင်းနှင့် ဇနီး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှ့)အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ရဲမေမိသားစုဝင်များ၊ ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းမှူးမှ အဖွင့်အမှာစကားပြောကြားပြီးနောက် ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်နေမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့ပါကြောင်း သိရှိရသည်၊၊
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး