ဟိုပုံး စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဒီဂျစ်တယ်အသိပညာ၊ ခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁၈ရက် နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်သည်။
ဦးစွာ သင်တန်းဖွင့်ပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦး စီးဌာန ဒေသဦးစီးမှူး၊ သင်တန်းနည်းပြများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဌာနတွင် လုပ်ငန်း မှတ်ပုံတင်ထားသော လုပ်ငန်းရှင်များ တက်ရောက်ကြရာ ဒေသဦးစီးမှူး ဦးဝင်းကျော်မျိုးက အဖွင့် အမှာစကား ပြောကြားပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းတွင် ဒီဂျစ်တယ်နည်းပညာဆိုင်ရာဗဟုသုတများ၊ Online Registration အကြောင်းသိကောင်းစရာများ၊ Cyber Security နှင့်ပက်သက်သောအကြောင်းအရာများ၊ SSID e-Commerce website ဝင်ရောက်အသုံးပြုပုံ၊ Food Safety နှင့် Online Sale မှတ်ပုံတင်ခြင်း အကြောင်းအရာ သင်ခန်းစာတို့ကို သင်ကြားပိုချဆွေးနွေးပေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေး စားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒေသဦးစီးမှူး ဦးဝင်းကျော်မျိုးက သင်တန်းဆင်း အမှာစကား ပြောကြားပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံကိန်းရေးဆွဲရေးဦးစီးဌာန ဒေသဦးစီးမှူး ဒေါ်ချိုချိုရဲဝင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသဦးစီးမှူး ဒေါ်လွင်လွင်ဦး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးမှူး ဒေါ်သက်သက်အေး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးမှူး ဒေါ်ဥမ္မာချို၊ မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဦးသိန်းထွန်းရွှေနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေး စားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒေသဦးစီးမှူး ဦးဝင်းကျော်မျိုးတို့က သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို အသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး