ကလော စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောခရိုင်အတွင်းရှိ ၂၀၂၄-၂ဝ၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ဂုဏ်ထူးရကျောင်းသား/သူများအား “ပညာရည်ချွန်ဆု ဂုဏ်ပြုချီးမြှင့်ပွဲ” အခမ်းအနားကို စက်တင်ဘာလ ၁၉ ရက်နေ့ ညနေ ၃ နာရီက ကလောမြို့၊မြို့နယ်ခန်းမ၌ ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ က‌လော၊‌ညောင်ရွှေ၊ဖယ်ခုံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာ၊ဆရာမကြီးများ၊ကျောင်းသား၊သူများတက်ရောက်ခဲ့သည်။
ရှေးဦးစွာကလောမြို့အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၊ကျောင်းသား၊သူများက ဘက်စုံပညာကိုယ်ရည်တို့ လှမ်းချီသီချင်းဖြင့် အခမ်းအနားစတင်ဖွင့်လှစ်ခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့် တို့ကဂုဏ်ပြုအမှာ စကားပြောကြားခဲ့သည်။
ထို့နောက်၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်တွင် ကလောခရိုင်အတွင်းရှိ ထူးချွန်စွာ အောင်မြင်ခဲ့သော ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူ (၆)ဘာသာဂုဏ်ထူးရှင်(၃)ဦး၊(၅)ဘာသာ ဂုဏ်ထူးရှင်(၇)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၇)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၂၀)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၆၇)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၁၁ဝ)ဦး၊ စုစုပေါင်းဂုဏ်ထူးရကျောင်းသား/သူ(၂၁၄)ဦးအား (၁)ဘာသာ လျှင်(၅၀၀၀ဝိ/-)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၉,၂၅ဝ,ဝဝဝိ/-)(ကျပ်တစ်ရာကိုးဆယ်နှစ်သိန်းငါးသောင်း)ကျပ်ကို ပြည်နယ်လူမှုရေးရာဝန်ကြီး ၊ ကလောခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ နှင့်တာဝန်ရှိသူများက ဂုတ်ပြုဆုများအသီးသီး‌ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး