တောင်ကြီး စက်တင်ဘာ-၁၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် စစ်မှုထမ်းဟောင်းမိသားစုဝင်များအတွက် ဖွင့်လှစ်မည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို စက်တင်ဘာလ(၁၇)ရက်၊ နံနက်(၉)နာရီခွဲအချိန်က တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ စက်မှုဇုန်ခန်းမ၌ကျင်းပသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ယနေ့ ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ် ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းကို စစ်မှုထမ်းဟောင်းမိသားစုဝင်များ ဝင်ငွေ တိုးပွားလာစေရေးနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွက်လာရေးအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုငွေကျပ် ၃,၃၃၀,၀၀ဝ ကို အသုံးပြုဆောင်ရွက်မှာဖြစ်ကြောင်း၊ သင်တန်းတွင် အဝတ်လျှော်ဆပ်ပြာရည်၊ ပန်းကန်ဆေး ဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ Body Scrub၊ မျက်နှာသစ်ဆပ်ပြာခဲအမျိုးမျိုး၊ ဆပ်ပြာခရင်မ်၊ ဖယောင်းတိုင်၊ ပရုပ်ဆီ၊ လျှော်မွှေးဆီ၊ Hand Gel၊ Hand Spray စသည့် ထုတ်ကုန်ပစ္စည်း(၁၂)မျိုး ထုတ်လုပ်နည်းဘာသာရပ်များကို သင်ကြားပို့ချပေးသွားမှာဖြစ်ကြောင်း၊ သင်တန်းသူများကို အထူးမှာကြားလိုသည်မှာ သင်တန်းတွင် သင်ကြားပို့ချပေးမည့် ဘာသာရပ် များကို စိတ်ပါဝင်စားစွာလေ့သင်ယူကြရန် လိုအပ်ပါကြောင်း၊ ရရှိလာသည့်ပညာရပ်များမှတစ်ဆင့် ဆက်လက်ဆန်းသစ်တီထွင်နိုင်ရေး ကြိုးစားကြရန်ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင် နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးတို့က သင်တန်းသုံးအထောက်အကူပြုပစ္စည်းများပေးအပ်ရာ သင်တန်းသူများမှ လက်ခံရယူကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားသို့တက်ရောက်လာသူများနှင့် သင်တန်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကြပြီး ခန်းမအတွင်းခင်းကျင်းပြသထားသည့် သင်တန်း အထောက်အကူပစ္စည်းများကို ကြည့်ရှုခဲ့ကြသည်။
အဆိုပါသင်တန်းကို စင်တင်ဘာလ (၁၇) ရက် မှ (၂၁) ရက်နေ့အထိ (၅) ရက်ကြာ စာတွေ့ ၃၀%နှင့် လက်တွေ့ ၇၀% သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသူ (၂၄) ဦး တက်ရောက် ကြကြောင်းသိရှိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ (၁၀-မဂ္ဂါဝပ်) စီမံကိန်းဆောင် ရွက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည် များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး