
လားရှိုး စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်တာဝန်ရှိသူများသည် စက်တင်ဘာလ (၁၀) ရက်၊ နံနက်(၈)နာရီက ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရိပ်သာရှိ ဧည့်ခန်းမ၊ အစည်းအဝေးခန်းမ၊ ထမင်းစားခန်း၊ အိပ်ခန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုတာဝန်ရှိသူများအားဖြည့်စွက်မှာကြားခဲ့သည်။
ထိုမှတဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်လားရှိုးမြို့နယ်၊ ဟူးမွန်ကျေးရွာအုပ်စု၊ ကောင်းခါးကျေးရွာ၊ ရေပူစမ်းတွင် စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာစံပြကွက်များ ဆောင်ရွက်ထားရှိမှုနှင့် မြေသြဇာကြဲပက်ခြင်းအခမ်းအနားသို့ တက်ရောက်ကြည့်ရှုရာ လားရှိုးခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက နည်းပညာစံပြကွက်များဆောင်ရွက်ထားရှိမှု အခြေအနေနှင့်ခေတ်မီသိပ္ပံနည်းကျစိုက်နည်းစနစ် (၁၄)ချက်ကို လည်ကောင်း၊ စပါးပင်ကြီးထွားမှု အဆင့်အလိုက် ပုလဲဓါတ်မြေသြဇာကို အကျိုးရှိရှိသုံးစွဲနည်းများကို လည်းကောင်းရှင်းလင်း တင်ပြကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်ရေးမှူးနှင့်တာဝန်ရှိသူများက တောင်သူများအား ပိုးသတ်ဆေးဖျန်း အကာအကွယ်ပစ္စည်းများထောက် ပံ့ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နေကြာစိုက်ပျိုးမည့် တောင်သူများရှိပါက နေကြာမျိုးစေ့နှင့် ဓါတ်မြေသြဇာများရရှိရေးကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးမြေဧကများတွင် သီးထပ်စိုက်ပျိုးကြရန် တာဝန်ရှိသူများနှင့်တောင်သူများအားမှာကြားခဲ့သည်။
ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတိုင်အထွက်နှုန်းရရှိရေး အကွက်ကျယ် စံပြကွက် ဧက (၃၀)တွင် ဓါတ်မြေသြဇာကြဲပတ်နေမှုကို ကြည့်ရှုအားပေးပြီး တောင်သူများမှ တင်ပြသည့် ကောင်းခါးကျေးရွာ၊ရေပူစမ်းစံပြကွက်ဘေးရှိ ပြုပြင်ပေးရန်လိုအပ်လျက်ရှိသည့် ရေနုတ်မြောင်းတာဘောင်များအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် လားရှိုးမြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးရုံး၌ကျင်းပသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့အစီအစဥ်ဖြင့် မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစုထောက်ပံ့ပေးအပ်ပွဲနှင့် နည်းပညာပေးဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးဒေသ လိုအပ်ချက်များဖြည့်ဆည်း ဆောင်ရွက်ပေးရန်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ပြည်သူများစားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိပြီး စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့်များကိုအသုံးပြု၍ စိုက်နည်းစနစ်မှန်ကန်ကောင်းမွန်မှသာ ပန်းတိုင်အထွက်နှုန်းရရှိမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများက မြေပြင် ကွင်းဆင်း၍ တောင်သူအသိပညာပေးလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်ပေးမှသာ အောင်မြင်မှုရရှိမှာဖြစ်ကြာင်း၊ ခေတ်မီတိုးတက်လာသည်နှင့်အမျှ တောင်သူများအနေဖြင့် စိုက်နည်းစနစ်မှန်ကန်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ အသိပညာပေး ပြောကြားချက်ကို လက်ခံဆောင်ရွက်မှသာ အောင်မြင်မှုရရှိမှာဖြစ်ကြောင်း၊ တောင်သူများ လိုအပ်သည့် ဓါတ်မြေသြဇာများကိုလည်း ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်တာဝန်ရှိသူများက တောင်သူများအား သွင်းအားစုများပေးအပ်ရာ တောင်သူများမှလက်ခံရယူပြီး တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ပြခန်းများနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တောင်သူများ အားသက်သာသည့်စျေးနှုန်းဖြင့် စားအုန်းဆီရောင်းချပေးနေမှုတို့ကို လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်းသိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လားရှိုးမြို့ပြည်သူ့ဆေးရုံသို့သွားရောက်၍ ဆေးရုံရှိ ဓါတ်ခွဲခန်း၊ သွေးဌာနဘဏ်သွေးလှူခန်းနှင့် ဓါတ်မှတ်ခန်းတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လားရှိုးဆေးရုံတွင် လားရှိုးရွှေကံကုမ္ပဏီလိမီတက်မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ၅၀ ကီလိုဝပ် နေရာင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓါတ်အားပေးစနစ် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး၍ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီး ဆေးရုံသို့ လာရောက်ဆေးကုသမှုခံယူနေကြသသည့် ကိုယ်ဝန်ဆောင်မိခင်များကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားပြောကြားပြီး လားရှိုးဆေးရုံ၌ ဆေးလာရောက်ကုသနေသောပြည်သူများကို အားပေးစကားပြောကြားကာ အဟာရဖြည့်ပစ္စည်းများပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သူနာပြုသင်တန်းကျောင်းသို့သွားရောက်၍ သူနာပြုသင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ သင်တန်းခန်းမနှင့် လက်တွေ့ခန်းမတို့ကို လှည့်လည်ကြည့်ရှုကြပြီး သူနာပြုသင်တန်းကျောင်းအတွက် ပြည်နယ်ဝန်ကြီးချုပ်က ချီးမြှင့်ငွေပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လားရှိုးမြို့ မြန်မာ့စီးပွားရေးဘဏ်သို့သွားရောက်၍ ဆိုလာမီးစနစ်တပ်ဆင်ထားရှိမှုအခြေအနေနှင့် မြန်မာ့စီးပွားရေးဘဏ်တွင် ပြည်သူများမှ ငွေလာရောက်ထုတ်ယူနေမှုကို ကြည့်ရှူကာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့ဝန်ထမ်းအငြိမ်းစား (ပင်စင်စား)များကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးရန်နှင့် ဆန်၊ ဆီများသက်သာသည့်စျေးဖြင့် ရောင်းချပေးနိုင်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး မြန်မာ့စီးပွားရေးဘဏ်အတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လားရှိုးမြို့၊ မြို့တော်ခန်းမ ပြန်လည်ပြုပြင်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ လားရှိုးမြို့စည်ပင် သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက မြို့တော်ခန်းမ ပြန်လည်ပြုပြင်နေမှုနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည်ဆည်းဆောင်ရွက်ပေးပြီး လားရှိုးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ စာသင်ကြားနေမှုကိုလည်းကောင်း၊ ကျောင်းစာကြည့်တိုက်ကို လည်းကောင်း၊ သိပ္ပံလက်တွေ့ခန်း၌ ကျောင်းသား၊ ကျောင်းသူများမှ ဓာတု၊ ရူပ၊ ဇီဝဘာသာရပ်များ လက်တွေ့ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။
ထို့မှတဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လားရှိုးမြို့၊ သီရိမင်္ဂလာ မာန်ဆူ ရှမ်းဘုန်းတော်ကြီးကျောင်းဓမ္မရုံ၌ လားရှိုးမြို့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒေသခံ ပြည်သူ များအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်ရှိ ဆရာတော် အဂ္ဂမဟာဂန္ဓဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာနစရိယ ဘဒ္ဒန္တ ဒေါက်တာ ပုညနန္န အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ၊ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လားရှိုးမြို့၊ ရှမ်းစာပေနှင့် ယဥ်ကျေးမှုအဖွဲ့ခန်းမသို့သွားရောက်ကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့က တိုက်ပွဲရှောင်ပြည်သူများအား ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများပေးအပ်ခြင်း အခမ်းအနားသို့တက်ရောက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က တိုက်ပွဲရှောင် ပြည်သူများအား ဆန်၊ ဆီနှင့်စားသောက်ကုန် ပစ္စည်းများပေးအပ်ရာ တိုက်ပွဲရှောင်ပြည်သူများမှ လက်ခံရယူကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လားရှိုးမြို့ လေယာဥ်ကွင်းပြန်လည်ပြုပြင် ဆောင်ရွက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လေယာဥ်ကွင်းပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက် မှာကြားခဲ့ပြီး လေယာဥ်ကွင်းအထွက် မုဒ်ဦးအနီး ၃၃/၁၁ ကေဗွီ၊ လားရှိုး ဓါတ်အားခွဲရုံ (၂)မှ ဓါတ်အားဖြန့်ဖြူးမည့် ၁၁ ကေဗွီ လေဆိပ်ဓါတ်အားလိုင်း (၂)မမိုငအား ပြန်လည်ပြုပြင် ဆောင်ရွက်မည့်နေရာအားကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။
ထိုမှတဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ် (၉) တပ်မတော်ဆေးရုံ ခုတင်(၁၀၀)သို့သွားရောက်၍ ဆေးကုသမှုခံယူနေသည့် တပ်မတော်သားများကို တွေ့ဆုံ အားပေးစကားပြောကြားပြီး အာဟာရဖြည့်ပစ္စည်းများပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်းချုပ်နှင့်အဖွဲ့သည် လူမှုဝန်ထမ်းဦးစီးဌာန၊ လားရှိုးမြို့ လူငယ်သင်တန်းကျောင်းသို့သွားရောက်၍ လူငယ်အိပ်ဆောင်များနှင့် ကျောင်းသူအိပ်ဆောင် ဆောက်လုပ်မည်မြေနေရာတို့ကိုကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား ဖြည့်စွက်မှာကြားပြီး သင်တန်းကျောင်းအတွက် ချီးမြှင့်ငွေများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ယင်းနောက် လားရှိုးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ ပညာသင် ကြားနေမှုကိုကြည့်ရှုပြီး ကျောင်းသူ၊ ကျောင်းသားများကိုရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြား၍ သိပ္ပံလက်တွေ့ခန်းမနှင့် စာကြည့်တိုက်ခန်းမတို့ကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လားရှိုးမြို့ ပြည်နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် လားရှိုးမြို့ပြည်နယ်ဒုတိယတွဲဖက်ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနများနှင့်တွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်ရာ ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက လားရှိုးမြို့၏ အုပ်ချုပ်ရေး၊ နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အခမ်းနားတက်ရောက်လာကြသည့် ဌာနဆိုင်ရာများက ဌာနလိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အထွေထွေဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီး ချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လားရှိုးမြို့ မဟာဗောဓါရုံ ကျောင်းတိုက်သို့သွားရောက်၍ နိုင်ငံတော်သြဝါဒစရိယ ဆရာတော်သက်တော်(၉၆)၊ သိက္ခာတော်(၇၆)ဝါရှိ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနာရဒအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး