
မောက်မယ် စက်တင်ဘာ ၁၇
ဒေသခံတောင်သူများ၏ လယ်မြေများတွင် သီးနှံအထွက်တိုးစေရန်နှင့် စိုက်ပျိုးမှုအတွက် ဘက်စုံ အဆင့်မြင့်နည်းပညာသုံး သိပ္ပံနည်းကျစိုက်နည်းစနစ် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဝင်ကျေးရွာအုပ်စု၊ နောင်ခမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံတောင်သူများအသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၁၇ရက် ညနေ၄နာရီက ကျင်းပခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ဒေသခံတောင်သူများအား လယ်မြေများတွင် သီးနှံအထွက်တိုး စေရန်နှင့်စိုက်ပျိုးမှုအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစွမ်းရည်ထူးနှင့် ဝန်ထမ်းများက မိုးစပါး သီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး လိုက်နာဆောင်ရွက်ရမည့် နည်းစနစ်များနှင့် ပိုးမွှားရောဂါကာကွယ် နှိမ်နင်းနည်းစနစ်များကို ပရိုဂျက်တာဖြင့် အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
ဆက််လက်၍ မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စု၊ ထီတခေါ့ကျေးရွာ ဗအိုဝ်းအမျိုးသား အဖွဲ့ချုပ်ရုံး၌ ဒေသခံတောင်သူများအား အသိပညာပေးစည်းရုံးဆောင်ရွက်ခြင်း ဟောပြောပွဲကို ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစွမ်းရည်ထူးနှင့် မြို့နယ်မြေစာရင်းဦးစီး ဌာနမှူး ဦးအေးလွင်တို့က ဒေသခံစပါးစိုက်တောင်သူများအား လာမည့်နှစ်တွင်မိုးစပါးစိုက်ပျိုးရာ၌ ယာမြေမှလယ်မြေသို့ပြောင်းလဲစိုက်ပျိုးနိုင်ရေး အသိပညာပေးစည်းရုံးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး