ကလော စက်တင်ဘာ ၁၇
ကျောင်းသား၊ကျောင်းသူများအားဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးအတွက်ရည်ရွယ်၍ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့်ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီက အမှတ်(၆) အခြေခံပညာမူလတန်းကျောင်း၌အသိ ပညာပေးဟောပြောပွဲနှင့်နံရံကပ်စာ‌စောင်များပြသခဲ့သည်။
ရှေးဦးစွာအမှတ်(၆)အခြေခံပညာမူလတန်းကျောင်းအုပ်ဆရာမကြီး က အဖွင့်အမှာစကားပြောကြားခဲ့ပြီးကလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးကြွယ် က ကျောင်းသား၊ကျောင်းသူများအား လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာအကြောင်း၊ဗလငါးတန်အကြောင်းနှင့်ကလေးအလုပ်သမားပပျောက်ရေးအကြောင်းတို့ကိုအသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။
ထို့နောက် ကျောင်းသား၊ကျောင်းသူများအားကျောင်းစာအပြင်၊ပြင်ပဗဟုသုတများတိုးပွားစေရေးအတွက် လူကုန်ကူးမှုဆိုင်ရာနှင့်ကလေးအလုပ်သမားပပျောက်ရေးဝိုင်းဝန်းကူညီ‌စောင့်ရှောက်ပေးအသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား၊ကျောင်းသူများစိတ်ပါဝင်စားစွာလေ့လာဖတ်ရှု့မှတ်သားခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး