မိုင်းပန် စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် မီး‌ဘေးအန္တရာယ်အသိကိုအခြေခံပညာအထက်တန်းကျောင်း(မိုင်းပန်)နှင့် အခြေခံပညာမူလတန်းလွန်ကျောင်း နားစန်း၌ စက်တင်ဘာလ၁၆ရက် မွန်းလွဲ ၁နာရီကကျင်းပခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းမျိုးဆောင်းကျော်က စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်း၊ လူငယ်များအချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဟိန်း‌ေလင်းထိုက်ကမီးဘေးအန္တရာယ်အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး