ကျိုင်းတုံ စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၊ အ.ထ.က (၃)၌ “ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်”ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၆ ရက် နံနက်၉ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဌ ဦးတင်လင်း သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အ.ထ.က(၃)ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့်အတူ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းရှေ့)ဥက္ကဌ ဦးတင်လင်းနှင့် တာဝန်ရှိသူများက “ကျောင်းစာကြည့်တိုက်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် ” မုခ်ဦးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခြင်း၊ အ.ထ.က(၃) ကျောင်းသား/ကျောင်းသူများက “ပညာဘဏ်တိုက်စာကြည့်တိုက်သို့ သွားကြစို့” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခြင်း၊ တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်က အဖွင့်အမှာစကားပြောကြားခြင်း၊ အ.ထ.က(၃) ကျောင်းသား/ကျောင်းသူများက “အလှဆုံးပန်းများ ပွင့်ကြပြီ”နှင့် “ဘက်စုံပညာရည် တို့လှမ်းချီ” တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ ကျိုင်းတုံမြို့နယ် စာပေးချစ်မြတ်နိုးသူများအသင်းဥက္ကဌ ဦးလှမြင့်က စာပေဟောပြောခြင်း၊ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများချီးမြှင့်ပေးအပ်ခြင်း၊ စာပေဆွေးနွေးသည့် ဦးလှမြင့်အား ဂုဏ်ပြုချီးမြှင့်ပြီးနောက် ပြပွဲ/ပြိုင်ပွဲများ၊ စာအုပ်စာစောင်များ ခင်းကျင်းပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ပါကြောင်း သိရှိရသည်၊၊
ဆက်လက်၍ နေ့လည် (၂) နာရီတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ကျိုင်းတုံ)ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၆ ပညာသင်နှစ်၊ သူနာပြု-သားဖွား ဒီပလိုမာ(၃)နှစ် သင်တန်းနှင့် ဘက်စုံသားဖွားဒီပလိုမာ(၂)နှစ် သင်တန်း တက်ရောက်ရန်အတွက် ဝင်ခွင့်စီစစ်ရွးချယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ် အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမရှေ့)၊ ဥက္ကဋ္ဌ၊ ပြည်နယ်သူနာပြု/သားဖွားဒီပလိုမှာဝင်ခွင့် ရွေးချယ်စီစစ်ရေးအဖွဲ့ ၊ဥက္ကဌ၊ ဦးတင်လင်း သည် ပြည်နယ်သူနာပြု/သားဖွားဒီပလိုမှာဝင်ခွင့် ရွေးချယ်စီစစ်ရေးအဖွဲ့၊ ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် ပြည်နယ်သူနာပြု/သားဖွားဒီပလိုမှာဝင်ခွင့် ရွေးချယ်စီစစ်ရေးအဖွဲ့၊ ဥက္ကဌ ဦးတင်လင်း မှ အဖွင့်အမှာစကားပြောကြားပြီးနောက် တက်ရောက်လာကြသည့် ကော်မတီဝင်များမှ ကဏ္ဍတစ်ခုချင်းအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းကိစ္စရပ်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့မှုအပေါ် ပြည်နယ်သူနာပြု/ သားဖွားဒီပလိုမှာဝင်ခွင့် ရွေးချယ်စီစစ်ရေးအဖွဲ့၊ ဥက္ကဌ မှလိုအပ်သည်များ ဆွေးနွေးညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရှိရသည်၊၊
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး