
တောင်ကြီး စက်တင်ဘာ၁၃
ရှမ်းပြည်နယ် (တောင်ပိုင်း) ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ ၂၀၂၅ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားကို စက်တင်ဘာလ (၁၃)ရက်၊ နံနက်(၁၀)နာရီက သစ်တောရပ်ကွက်၊ မြို့တော် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှတိုင်းဦးစီးချုပ်၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ အတွင်းရေးမှူး၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်/ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများ အပါအဝင် စုစုပေါင်းအင်အား (၄၀၀)ဦးခန့်နှင့်အတူ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်မှ လိုက်ပါတက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ကြက်ခြေနီ တပ်ဖွဲ့ဝင်များအား ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ခြင်း၊ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခြင်းနှင့် ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုခြင်းတို့ ပြုလုပ်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး