
ပင်းတယ စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်းတယမြို့တွင် စက်တင်ဘာ ၁၃ ရက် နံနက် ၇ နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပြီးသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌဦးအာကာလင်း
၏ လမ်းညွန်မှုဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးထိန်လင်းအောင်နှင့်အဖွဲ့ဝင်များ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မီသတ်တပ်ဖွဲ့ဝင်များနှင့်အတူ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ အမှိုက်သရိုက်များ၊ပေါင်းမြက်ပင်များ၊ခြုံနွယ်ပင်များကိုရှင်းလင်းကာ မြို့နယ်စည်ပင်သာယာရေးဌာန အမှိုက်သိမ်းယာဥ်ဖြင့် အမှိုက်သရိုက်များနှင့်ပေါင်းမြက်ပင်တို့အား စနစ်တကျသယ်ယူစွန့်ပစ်ခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး