
နောင်တရား စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ ရွှေဘုန်းပွင့်စေတီတော် ရင်ပြင်၌ နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအယ်လ်အောင်ဒင်မိုင် မှ ကြီးကြပ်၍ ဌာနဆိုင်ရာဝန်ထမ်းများနှင့် နောင်တရားနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်သည်။
အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများသန့်ရှင်းသာယာလှပရေးအတွက် ရွှေဘုန်းပွင်းအတက်လမ်းဘေးဝဲယာမြက်များရှင်းလင်းခြင်း၊ ချုံနွယ်များရှင်းလင်းခြင်းနှင့် ရင်ပြင်တော်၌ မြက်များရှင်းလင်းခြင်းကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်များစုပေါင်း၍ အပတ်စဉ် စနေနေ့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး