
မောက်မယ် စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်းရှိဒေသခံတိုင်းရင်းသားလူငယ်လူရွယ်ကျောင်းသား/ကျောင်း သူများ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများတိုးပွားစေရန်နှင့် စာပေမှရသောအသိအမြင် ဗဟုသုတများကို လူမှုဘဝတွင်ပြန်လည်အသုံးချနိုင်စေရန်ရည်ရွယ်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းနှင့်ပူးပေါင်းပြီး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စက်တင်ဘာ ၁၃ရက် နံနက် ၁၀နာရီက စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းဆိုင်မိုင် က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားရာတွင် စာပေမှအသိပညာ ဗဟုသုတများရရှိစေရန် စာပေဖတ်ရှုခြင်းဖြင့်အသိအမြင် အတွေးအခေါ်များနှင့် ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေပြီး ငယ်စဉ်ကတည်းက စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိကာ စာပေချစ်မြတ်နိုး စိတ်များ ကိန်းအောင်းနေစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ရခြင်းကို ပြောကြားပြီး စာရေးသူ “မိုးပန်းမွန်” ရေးသားသည့် ရွှေရောင်လူငယ်နှင့်ရွှေရောင်အနာဂတ် စာအုပ်တွင်ပါဝင်သည့် အကြောင်းအရာများကို တက်ရောက်လာသည့် စာပေချစ်သူများနှင့် ကျယ်ကျယ်ပြန့်ပြန့် အပြန်အလှန် ဖတ်ကြားဆွေးနွေးခဲ့ပြီး ပြသထားသည့် ပလတ်စတစ်အသုံးပြုမှုလျှော့ချရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် ဓာတ်ပုံများအား ကျောင်းသား/ကျောင်းသူ များကစိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး