လွိုင်လင် စက်တင်ဘာလ ၁၃ ရက်
လွိုင်လင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့်(ခရိုင်အုပ်ချုပ်ရေးမှူး) သည် တပ်ရင်းတပ်ဖွဲ့များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ များပူးပေါင်း၍ စက်တင်ဘာလ(၁၃)ရက် နံနက်(၇)နာရီမှစတင်၍ စုစုပေါင်းအင်အား(၃၄၅)ဦးခန့်ဖြင့် လွိုင်လင်ခရိုင်၊လွိုင်လင်မြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းရှေ့ (ပြည်ထောင်စုလမ်းမကြီး ဘေး) သန့်ရှင်းသာယာလှပစေရေးအတွက် သန့်ရှင်းရေး စုပေါင်းဆောင်ရွက်ခဲ့ကြပါကြောင်း သိရှိရသည်။
လွိုင်လင်ခရိုင်အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို နံနက်(၉) နာရီက လွိုင်လင်မြို့နယ် အားကစားကွင်း၌ ကျင်းပပြုလုပ်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးကြည်မြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးသိန်းထွဋ်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ခင်လေးမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်နှင်းဝင့်ဝင့်ဆွေနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး