
လင်းခေး စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၌(၆၁)နှစ်မြောက်မြန်မာနိုင်ငံရဲတပ် ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် လင်းခေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဇော်မင်း ကြီးကြပ်မှုဖြင့် စက်တင်ဘာ ၁၃ ရက် နံနက်၇နာရီက လင်းခေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် လင်းခေးမြို့နယ်ရဲတပ်ဖွဲ့တို့မှ ပုန်းထွန်ကျေးရွာ အုပ်စု၊ ပုန်းထွန်ကျေးရွာ အတိသုခါရုံတောရကျောင်းအနီး ရပ်တော်မူဘုရားဝန်း အတွင်း/အပြင် စုပေါင်း သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းဝန်းအတွင်းရှိ ဘုရားရုပ်ပွားတော်များအား ရောင်တော်ဖွင့် သန့်ရှင်းရေးပြုလုပ်ပေးခြင်း၊ ကျောင်းအတွင်း၌တံမျက်စည်းလှည်းခြင်း၊ စေတီပုထိုးပေါ်ပေါက်ရောက်နေ သောပေါင်းပင်များရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ ချုံနွယ်ပိတ်ပေါင်းများနှင့် အမှိုက်သရိုက်များရှင်းလင်းခြင်း၊ မြက်များခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို တက်ညီလက်ညီ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး