ပင်လောင်း စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ဌာနဆိုင်များက မြို့ပေါ်ရပ်ကွက်ရှိ ဆေးဝါးအရောင်ဆိုင်များကို စက်တင်ဘာ ၁၀ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆေးဝါးအရောင်းဆိုင်များ စစ်ဆေးရာတွင် ဆေးဝါးအတုနှင့် ဘေးဥပါဒ်ဖြစ်စေနိုင်သည့် ဆေးဝါးများ၊ ဆေးဝါးရောင်းချခွင့်လုပ်ငန်းလိုင်စင်များ၊ ဆေးဝါးရောင်းချသည့်နေရာအကျယ်အဝန်း၊ အလင်းရောင်လေဝင်လေထွက်ကောင်းမွန်မှုရှိ/မရှိ၊ တိရစ္ဆာန်/ပိုကောင်းများဝင်ရောက်မှုရှိ/မရှိ၊ သန့်ရှင်းမှုရှိ/မရှိ၊ ဆေးဝါးသိုလှောင်ထားရှိမှု၊ ဆေးဝါးအနိသင် အရည်အသွေးနှင့် ပျက်စီးမှုများ၊ ထိန်းချုပ်ဆေးဝါးများ၊ စိတ်ကိုယ်ပြောင်းလဲစေသောဆေးဝါးများ၊ ဆေးဝါးရောင်းချခွင့်စည်းကမ်းနှင့်အညီရောင်းချမှု ရှိ/မရှိ စစ်ဆေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးဝါးအရောင်းဆိုင်များ စစ်ဆေးမှုများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်အထူးတပ်ဖွဲ့စု(၂၆) တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဦးစီးမှူး၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
၎င်းနောက် ၂၀၂၅ ခုနှစ် အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်မည့် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ပင်လောင်းမြို့ ဆေးရုံဝန်းအတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးစိုးမိုးထွန်း ဦးဆောင်မှုဖြင့် မူးယစ်အထူးတပ်ဖွဲ့စု(၂၆) ရဲမှူးဝင်းထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး‌ဦးစီးဌာနမှူး ဒေါက်တာခင်သိန်းထွေးနှင့်ဝန်ထမ်းများ၊ မြို့မရဲစခန်းမှူး ဒုတိယရဲမှူးခိုင်လင်းနှင့် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင် မိသားစုများ၊ မီးသတ်ဦးစီးဌာန ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊ အကြမ်းဖက်နှိမ်နင်း‌ရေးနှင့်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဆေးရုံဝန်းအတွင်းအပြင်များတွင် သန့်ရှင်းသာယာလှပစေရန် ခြုံနွယ်သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပေါင်းမြက်ပင်များ၊ အမှိုက်သရိုက်များ၊ သစ်ရွက်ခြောက်များအား စွန့်ပစ်ခြင်းဖြင့် သန့်ရှင်းရေးများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး