
လင်းခေး စက်တင်ဘာ ၈
လင်းခေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင် အုပ်ချုပ်ရေးမှူးရုံးခန်း၌ စက်တင်ဘာ ၈ ရက် ညနေ ၃ နာရီတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး၊ ခရိုင်မြေစာရင်းဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူးတို့မှ လင်းခေးမြို့၊ ရွာမကြီးအရှေ့ရပ်ကွက်၊ အကွက်အမှတ် (၃)၊ ဦးပိုင် အမှတ်(၈၉)၊ မြေဧရိယာ ၀.၀၅၇ ဧကနှင့် အကွက်အမှတ်(၁) မြေဧရိယာ ၀.၀၅၇ဧက၊ စုစုပေါင်း မြေဧရိယာ ၀.၁၁၄ ဧကအား မြေငှားဂရန်အမှုတွဲအမှတ် ၁၉/၂၀၁၉ အရ ဒေါ်နန်းမြတ်မွန်သိန်း အမည်ဖြင့် ရရှိခဲ့သည့် နှစ်(၃၀)မြေငှားဂရန်တွင် မြေဧရိယာ ၀.၀၉၇ ဧကသာ ရေးသွင်းထား ပါသဖြင့် မူလဧရိယာထက် ၀.၀၁၇ ဧကလျော့နည်းသွားသည့်အတွက် မြေဧရိယာအား စိစစ်၍ လိုအပ်သလို ဆောင်ရွက်ပေးပါရန်တင်ပြမှုအပေါ် ဒေါ်နန်းမြတ်မွန်းသိန်း အား မြေပြင်ရှိဧရိယာ ဧကနှင့် မြေငှားဂရန်ထုတ်ပေးသည့် ဧရိယာဧကမှာ မှန်ကန်မှုရှိကြောင်း ခေါ်ယူအသိပေးချပြ ရှင်းလင်းဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် လင်းခေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(လှုပ်ရှားစိုးမိုးရေး/မြို့ပေါ်လုံခြုံရေး)တပ်ဖွဲ့ ဝင်တို့အား၂၀၂၅ခုနှစ်၊ ဩဂုတ်လအတွက် နေ့တွက်စရိတ်ထုတ်ပေးခြင်းအခမ်းအနားကို ကျင်းပခဲ့ရာ မြို့နယ်ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူးဦးစိုးမင်းထက်က မိမိတို့တပ်ဖွဲ့ဝင်များအနေဖြင့် အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့များတွင် တန်းစီခြင်း၊ နိုင်ငံတော် အလံအလေးပြုခြင်း၊ သစ္စာအဓိဋ္ဌာန် ရွတ်ဆိုခြင်း များ ဆောင်ရွက်ခြင်း၊ လုံခြုံရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ဝတ်စုံပြည့်ဝတ်ဆင်ရန်၊ ယခုကာလသည် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အကြိုလုပ်ငန်း စဉ်များကို ဆောင်ရွက် လျက်ရှိပြီး မိမိအနေဖြင့် MEVM မဲပေးစက်ဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ကွင်းဆင်း၍ မဲဆန္ဒရှင်မိဘပြည်သူတို့အား အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ် ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးတာဝန် ထမ်းဆောင်နိုင်ရေးအတွက် မကြာမီရက်ပိုင်းတွင် စုဖွဲ့လေ့ကျင့်သွားမည် ဖြစ်ပါကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလကုန်တွင် ပထမအကြိမ်မဲစာရင်းကပ်ထား ကြေညာရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့်အတွက် တပ်ဖွဲ့ဝင်များမှ အများပြည်သူကျယ်ကျယ် ပြန့်ပြန့် သိရှိစေရေးနှင့် အဆိုပါကပ်ထားသည့်နေ့တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့် ပြည်သူ့စစ်မှုထမ်းလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပြည်သူများသို့ သတင်းအမှန်နှင့် အကျုံးဝင် သူများ တာဝန်ထမ်းဆောင်နိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် တိုက်တွန်းပြောကြား ခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးဟိန်းဝင်ဇော်က တပ်ဖွဲ့ဝင်များ အနေဖြင့် ယခုလမှစတင်၍ အသက်အာမခံကြေးပေးသွင်းရမည်ဖြစ်ပါကြောင်းနှင့် ဌာနဆိုင်ရာ ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်ရာတွင် “လုံခြုံရေးအသိ၊ သတိ”ဖြင့် တာဝန်ထမ်း ဆောင်ကြရန် ပြောကြားခဲ့ပါသည်။
ထို့နောက် အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့မှ တပ်ဖွဲ့ဝင်(၁)ဦးချင်းစီအား နေ့ထွက်စရိတ် အဖြစ် မြို့ပေါ်လုံခြုံရေးတပ်ဖွဲ့ဝင်(၅၀)ဦးအတွက် ငွေကျပ်(၈၀၉၄၀၃၈)နှင့် လှုပ်ရှားစိုးမိုးရေး တပ်ဖွဲ့ဝင်(၅၀)ဦး အတွက် ငွေကျပ်(၁၀၅၄၀၀၀၀)တို့အား ထုတ်ပေးခဲ့ပါသည်။
ဆက်လက်၍ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (လှုပ်ရှားစိုးမိုးရေး/ မြို့ပေါ်လုံခြုံရေး) တပ်ဖွဲ့ဝင်တို့အား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ မြို့နယ်ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်က လင်းခေးမြို့နယ်အနေဖြင့် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် မြန်မာအီလက်ထရောနစ်မဲပေး စက်(MEVM)ဖြင့် မဲပေးရမည်ဖြစ်ပြီး မဲပေးရာတွင် အခက်အခဲမရှိ၊ ပွင်းလင်းမြင်သမှုရှိခြင်း၊ ပယ်မဲမရှိ ခြင်းနှင့် မိမိပေးလိုက်သည့် လွှတ်တော်အလိုက် ပါတီများ၏ မဲရလဒ်အခြေအနေကို မဲရုံ ပိတ်ပြီးသည့် အချိန်တွင် သိရှိနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း ရှင်းလင်းပြသခဲ့ပါသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲအရာရှိ၊ ဦးချိုနိုင်က MEVMစက် ဖွဲ့စည်း တည်ဆောက်ထားခြင်း၊ ကိုင်တွယ်အသုံးပြုပုံများနှင့် မဲပေးပုံနည်းစနစ်များနှင့်စပ်လျဉ်း၍ အကျယ်တဝင့်ရှင်းလင်း ပြောကြား ခဲ့ပြီးနောက် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ (လှုပ်ရှားစိုးမိုးရေး/မြို့ပေါ်လုံခြုံရေး) တပ်ဖွဲ့ဝင်တို့မှ စိတ်ဝင်တစား လက်တွေ့စမ်းသပ်မဲ ပေးခဲ့ကြပြီး မဲရလာဒ်အခြေအနေတို့အား ရှင်းလင်း ပြသခဲ့ပါသည်။
၎င်းနောက် မောက်မယ်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ၊ ဥက္ကဋ္ဌ (မြို့နယ် အုပ်ချုပ်ရေးမှူး) ဦးမင်းသက်နိုင်သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်၏အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အထက်ဌာနများမှ လမ်းညွှန်မှာကြားချက်များအား လည်းကောင်း၊ ပြည်သူ့စစ်မှုထမ်းကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ် များ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းခဲ့ပါကြောင်း သိရှိရသည်။
ဆက်လက်၍ မိုင်းပန်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဦးဟန်ဇော်မြင့်သည် မိုင်းပန်မြို့နယ်အခြေခံပညာအထက်တန်း ကျောင်းသို့ သွားရောက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက်မြင့်မား စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ကျောင်းကော်မတီဝင်များ၊ ကျောင်းသားမိဘများနှင့်အတူ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး