
ကလော စက်တင်ဘာ ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့နယ်၊ ဘော်နင်းကျေးရွာအုပ်စု၊ ညောင်ခါးရှည်ကျေးရွာရှိ စီမံကိန်းသီးနှံ (သက်တံ့ရောင်စီမံကိန်း)စိုက်ပျိုးလျက်ရှိသည့် ဘုရားပျို စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမ၀ါယမအသင်း လီမိတက်မှ မိုးစပါး စိုက်ပျိုးထားရှိမှု အခြေအနေအား စက်တင်ဘာလ ၇ ရက် နံနက် ၁၀ နာရီခွဲ က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့် နှင့်တာဝန်ရှိသူများက ဘုရားပျို စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမ၀ါယမအသင်း လီမိတက်မှမိုးစပါး စိုက်ပျိုးထားရှိမှု အခြေအနေအားများနှင့် အသင်းမှ လိုအပ်သည့် ငွေကြေးအရင်းအနှီးနှင့် သွင်းအားစုများ ရရှိစေရေးအတွက် ကလောမြို့နယ်သမဝါယမအသင်းစုနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်သမဝါယမ ဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံ၍ သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး၊ လုပ်နည်း၊ အမိန့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန်နှင့် သမဝါယမကဏ္ဍမှ စီမံကိန်းသီးနှံစိုက်ပျိုး ထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ ကြိတ်ခွဲဖြန့်ဖြူးမှု လုပ်ငန်းစဉ်များ အောင်မြင်အောင် ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
း