ပင်းတယ စက်တင်ဘာ ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁)‎၌ စက်တင်ဘာ ၈ရက် နံနက် ၁၀ နာရီအချိန်က ဒေသအသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းဖြင့် စက်ချုပ်နည်းပညာသင်တန်းတို့အတွက် လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲ အခမ်း‎အနားကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
‎ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး အဖွဲ့ဥက္ကဌကိုယ်စား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‎ဒေသဦးစီးအဖွဲ့ အဖွဲ့ဝင်(၂) ဦးရာဇာငြိမ်းချမ်းက အဖွင့်အမှာစကားပြောကြားသည်။ထိုနောက်‎သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများကတမဲကျေးရွာအုပ်စုမှ အသေးစားကုန်ထုတ်လုပ်ငန်းနှင့်မိသားစုဝင်ငွေတိုးပွားရေးအတွက် လုပ်ငန်းထူထောင်လုပ်ကိုင်မည့်သူများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများအား ပေးအပ်ခဲ့‎ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး