တောင်ကြီး စက်တင်ဘာ-၆
ရှမ်းပြည်နယ်အစိုးရအဖွဲ့ မှကြီးမှူးကျင်းပသည့် ( ၅၃)ကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကို စက်တင်ဘာလ(၆)ရက် နေ့လည်( ၁၂) နာရီ ပထမအပိုင်းအနေဖြင့် သာသနာ့ဗိမာန်( ၅)ထပ်ဆောင်၌ နိုင်ငံတော်ဩဝါဒါစရိယ/ တောင်ကြီးမြို့၊ ကန်သာရပ်ကွက်ရှိ စွန်းလွန်းဂူ ဝိပဿနာကမ္မဋ္ဌာန်းကျောင်းတိုက် ဦးစီးပဓာန နာယကအဂ္ဂမဟာ ပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ၊ ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သိမ်တောင်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တတေဇဝန္တ နှင့် ဆရာတော်/ သံဃာတော်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ အတွင်းရေးမှူးနှင့်ဇနီး၊ ရှမ်းပြည်နယ် သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ ၊ ပြည်နယ်/ ခရိုင်/ မြို့ နယ်အဆင့် ဌာနဆိုင်ရာ တာ ဝန် ရှိသူများ၊ ပြည်နယ်/ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ ၊ ဂေါပကအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များနှင့်အတူ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်မှ တက်ရောက်ခဲ့ပြီး “နမောတဿ” ၃ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ခြင်း၊ ဆရာတော်/ သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီးနောက် ဒုတိယအပိုင်းအနေဖြင့် သံဃာ(၁၀၈၀)ပါး၊ သီလရှင်(၁၀၈)ပါးတို့အား သာသနာလင်္ကါရကမ္ဘောဇသာသနာ့ဗိမာန်ရှေ့မှစ၍ မြို့လယ်ဓမ္မာရုံထိ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြုလုပ်ခဲ့ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးဝန်ထမ်းများနှင့်အတူ ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး