
မိုင်းပန် စက်တင်ဘာ ၆
(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်းမှုများ၊ ပြည်သူ့ဆေးရုံများ၊ စာသင်ကျောင်းများ၊ ဘာသာရေးဆိုင်ရာနေရာများနှင့် အဆောက်အဦးများတွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မိုင်းပန်မြို့နယ်ရဲတပ်ဖွဲ့ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ဆေးရုံ၌ စက်တင်ဘာလ၆ရက် နံနက် ၇ နာရီက သန့်ရှင်းရေးစုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သိန်းနိုင်ဦးဆောင်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာရုံးဝန်ထမ်းများနှင့် ဒေသခံပြည်သူများတို့က မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ခြုံနွယ်သစ်ပင်များရှင်းလင်းခြင်း၊ ခြင်ပေါက်ဖွားမှုမရှိစေရေးအတွက် ရေကန်များ ဆေးကြောခြင်း/လဲလှယ်ခြင်း၊ ရေဆိုးမြောင်းများတူးဖော်ခြင်းနှင့် အမှိုက်များရှင်းလင်းစွန့်ပစ်ခြင်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး