ကလော စက်တင်ဘာ-၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောခရိုင်၊က‌လောမြို့၊မြို့မပရိယတ္တိစာသင်တိုက် ကျောင်းတွင် စက်တင်ဘာလ ၅ ရက်နေ့နံနက်  ၉ နာရီအချိန်မှစ၍ ကလောမြို့ပေါ်ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား  တီဘီရောဂါနှင့်အခြားရောဂါများအခမဲ့စမ်းသပ်ရှာဖွေကုသခြင်း၊ဓာတ်မှန်ရိုက်ခြင်း၊ Gene Expert စက်ဖြင့် သလိပ်စစ်ဆေးပေးခြင်းတို့‌ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ထို့သို့ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ် (တောင်ကြီး)တီဘီရောဂါတိုက်ဖျက်ရေးဦးစီးဌာန၊ဒေါက်တာ တေဇာဝေယံနှင့် ကလောမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ခိုင်စုစုညိမ်း၊မိခင်နှင့်ကလေးကျန်းမာ‌ရေးဌာနမှ ဒေါက်တာ စောမြတ်သစ္စာတို့ဦး‌ဆောင်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး‌ စောင့်‌ရှောက်ရေးအသင်းနှင့်ကျန်းမာရေးဝန်ထမ်းများက ကလောမြို့ပေါ်ရှိ ရဟန်းသံဃာတော်များ၊သက်ကြီးအဘိုး၊အဖွားများ နှင့်ဒေသခံပြည်သူလူထုများအား တီဘီရောဂါနှင့်ပတ်သက်၍ ဓာတ်မှန်ရိုက်စမ်းသပ်ရှာဖွေစစ်ဆေးပေးခြင်းနှင့်ကျန်းမာရေးနှင့်အထွေထွေရောဂါများ အား အခမဲ့စမ်းသပ်ရှာဖွေကုသပေးလျက်ရှိကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး