
ဆီဆိုင် စက်တင်ဘာ-၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှု တာဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေးဟောပြောပွဲကို ဆီဆိုင်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ယုဇနခန်းမ၌ စက်တင်ဘာ၅ရက် နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ဆီဆိုင်မြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဝင်းက မူးယစ်ဆေးဝါးသုံးစွဲခြင်း ၏ ဆိုးကျိုးများ၊ ပြစ်မှုပြစ်ဒဏ်အကြောင်းများကို လည်းကောင်း၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး မြင့်စိုးက လူကုန်ကူးမှုအန္တရာယ်နှင့် တားဆီးကာကွယ်ရေးအကြောင်းများကို လည်းကောင်း၊ မြို့မစခန်းမှူး ဒုတိယရဲမှူး ဇော်လင်းဦးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို လည်းကောင်း ပရိုဂျက်တာဖြင့် အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ကြသည်။ ထိုနောက် ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကိုပြန်လည်မေးမြန်းဆွေးနွေးကြပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး နှင့် အဖွဲ့တို့ က ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး