ကလော စက်တင်ဘာ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့နယ်၊အောင်ပန်းမြို့၊နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်း‌ ကျောင်း၌ စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် ကလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ ဦးခွန်အာကာထွန်း က လူငယ်ရေးရာနှင့်ပတ်သက်၍ စာဖတ်ရှိန်မြှင့်တင်ရေး၊စာဖတ်ခြင်းအကျိုးကျေးဇူးအကြောင်းနှင့်လူငယ်တွေအားအားလပ်ချိန်မှာအချိန်ကိုအကျိုးရှိရှိအသုံးချစေလိုကြောင်း၊အွန်လိုင်းလိမ်လည်မှုဆိုင်ရာ နှင့်ပတ်သက်၍ လက်ကိုင်ဖုန်းများမှတစ်ဆင့် Telegram ၊Viber ၊YouTube ၊ Messenger တို့မှတစ်ဆင့် ဆက်သွယ်ပြောဆိုအယုံသွင်း၍ စာဖြင့် ဆက်သွယ်ကာ ငွေကြေးလိမ်လည်ခြင်း၊သွေးဆောင်ကာလူကုန်ကူးခြင်းများကို အွန်လိုင်းမှတစ်ဆင့် ကျုးလွန်ကြခြင်းကို အသိသတိဖြင့် ဆင်ခြင်ကြရန် အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက်ကလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေးဝိုင်းဝန်းကူညီစောင့်ရှောက်ပေး နံရံကပ် စာစောင်၊ပလတ်စတစ်‌ အသုံးပြုမှုလျော့ချ‌ ရေးဆိုင်ရာ သိကောင်းစရာ နံရံကပ်စာစောင်နှင့်လူကုန်ကူးမှုဆိုင်ရာသိ‌ကောင်းစရာနံရံစာစောင်များအားပြသခဲ့ရာ အောင်ပန်းမြို့၊နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်း‌ ကျောင်းမှ သင်တန်းသားများက စိတ်ပါဝင်စားစွာဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး