မောက်မယ် စက်တင်ဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် မျိုးဆက်သစ်အားကစား သမားများပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၅−၂၀၂၆ပညာသင်နှစ် မြို့နယ်အဆင့်အခြေခံပညာ ကျောင်းပေါင်းစုံအသက်(၁၈)နှစ်အောက်(အမျိုးသား/အမျိုးသမီး) အားကစားနည်း (၇)မျိုးလူရွေးချယ်ပွဲ ကို နမ့်ယွမ်းအားကစားကွင်း၌ စက်တင်ဘာ ၄ ရက် နံနက် ၈ နာရီက စတင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါလူရွေးချယ်ပွဲ၌ မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ များက ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ သံလုံးပစ်၊ လှံတံပစ်၊ ပြေးခုန်ပစ်အားကစားနည်း (၇) မျိုးလူရွေးချယ်ပွဲသို့ လာရောက်ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မြို့နယ်မှတဆင့် ခရိုင်၊ ပြည်နယ်၊ တိုင်း အဆင့် အထိဆက်လက်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး