
ကျိုင်းတုံ စက်တင်ဘာ-၄
ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဌ ဦးတင်လင်း ဦးဆောင်၍ သက်ဆိုင်ရာဌာနဆိုင်ရာများသည် စက်တင်ဘာလ ၄ ရက် နံနက် ၈ နာရီခွဲတွင် မိုးလုံလေလုံအားကစားရုံမှ ထပ်လုံစေတီသွား လမ်းမပေါ်ရှိ ပျက်စီးသွားသည့် ပါမန်းတံတားအား ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်၊ အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူတည်ဆောက် နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ဆက်လက်၍ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဌ ဦးတင်လင်းသည် ထပ်လုံစေတီသွား လမ်းမပေါ်ရှိ ပါမန်းတံတားမှ ယမ်းခမ်းဘုန်းတော်ကြီးကျောင်းသို့ ထွက်ခွာလာရာ ဒေသခံပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်း၊ လက်တွေ့ကိုင်တွယ်စမ်းသပ်မဲ ပေးခြင်း၊ မဲရလဒ်များထုတ်ပြန်ခြင်း စသည့်လုပ်ငန်းစဉ်များကို တာဝန်ရှိသူများမှ ဆောင်ရွက်နေမှုနှင့် ဒေသခံပြည်သူများ၏ လက်တွေ့သရုပ်ပြ မဲပေးခြင်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားဆောင်ရွက်ခဲ့ပြီး တော်ဝင်မိုင်းယောင်းဆန်စက်သို့ ထွက်ခွာလာရာ တော်ဝင်မိုင်းယောင်း တန်(၃၀)ကျ ဆန်စက် ကြိတ်ခွဲလည်ပတ်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် အသင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ တက်ရောက်လာသည့် အသင်းအဖွဲ့ဝင် များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး