
မိုင်းပန် စက်တင်ဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံပညာအထက်တန်းကျောင်း၌ KG ကျောင်းသား/သူများအား အာဟာရအစားအစာများကို စက်တင်ဘာလ၂ ရက် နံနက် ၁၁ နာရီ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိခင်နှင့်ကလေးကျောင်းကျန်းမာရေးအာဟာရဆရာမ ဒေါ်နန်းခမ်းမွမ်းက ကျောင်းသား/သူများအား အာဟာရပြည့်ဝစေရန် ပဲနှင့်အစေ့အဆံများ၊ ဗီတာမင်အေကြွယ်ဝသောအစားအစာများ၊ အသားများ၊ ဟင်သီးဟင်းရွက်နှင့်သစ်သီးဝလံများ၊ အခြေခံအစားအစာများ မျိုးစုံအောင်စားပေးသင့်ကြောင်း ရှင်းလင်းပြောကြားပြီး အာဟာရဖြစ်စေသည့် အစားအစာများ တိုက်ကျွေးခဲ့သည်။
ဆက်လက်၍ မိခင်နှင့်ကလေးကျောင်းကျန်းမာရေးအာဟာရဆရာမမှ ကျောင်းအုပ်ဆရာမကြီးအား ဗီတာမင်နှင့်မင်နရယ်ပေါင်ဒါများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက် အဆင့်(၃)ကို အရှေ့ရပ်ကွက် ရေဝန်းဘုန်းတော်ကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ရုံးဝန်ထမ်းတို့က အရှေ့ရပ်ကွက်နေပြည်သူများအတွက် အိမ်ထောင်စုဇယားများနှင့် မှတ်ပုံတင်များ ပြန်လည်ပြုပြင်ပေးခြင်း၊ Biometric Data မကောက်ယူရသေးသူများအား ကောက်ယူ၍ UID များထုတ်ပေးနိုင်ရေး အခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး