
ဟိုပုံး စက်တင်ဘာ ၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ရှမ်းပြည်နယ် လူမှုဝန်ထမ်းရုံးမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ် အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့သည့် အစီအစဉ်(MCCT)နှင့် အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ပြုလုပ်သည်။
ဆင့်ပွားသင်တန်းတွင် ရှမ်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးမိုးစန်းက ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေး ငယ်များအား ငွေကြေးထောက်ပံ့သည့် အစီအစဉ် (MCCT) လုပ်ငန်းစဉ်များနှင့် အာဟာရအကြောင်း အရာများကို ပရိုဂျက်တာဖြင့် အကျယ်တဝင့် အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး တာဝန်ရှိ သူတို့က ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့သည်။ အဆိုပါ ဆင့်ပွားသင်တန်းကို ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ တက်ရောက်ကြပြီး သင်တန်းအားတစ်ရက်တာ ဆွေးနွေးပို့ချ ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး