တောင်ကြီး စက်တင်ဘာ ၁
တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူးဦးတင့်လှိုင်သည် ခရိုင်/မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ စက်တင်ဘာ (၁)ရက်၊ ညနေ(၃)နာရီတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမည့် (၅၃)ကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း စုပေါင်းလောင်းလှူပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးသို့ တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊မြို့ပေါ်ရပ်ကွက်(၂၂)ရပ်ကွက်မှအုပ်ချုပ်ရေးမှူးများ အပါအဝင် စုစုပေါင်း အင်အား (၄၅)ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး