
လင်းခေး စက်တင်ဘာ-၁
လင်းခေးမြို့နယ်၊ ဟိုက်ကွေ့ကျေးရွာအုပ်စု၊ ဟိုက်ကွေ့ကျေးရွာ၊ ဘုန်းတော်ကြီး ကျောင်းတိုက်၌ စက်တင်ဘာ (၁)ရက် နံနက် (၁၀)နာရီတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနား ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ တပ်နယ်(လင်းခေး)၊ တပ်နယ်မှူး ဗိုလ်မှူးကြီကျော်ထွန်းလတ်၊ ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးစိုင်းမြင့်ဦး၊ အတွင်းရေးမှူး ဒုရဲမှူးကြီးဇော်မင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များလိုက်ပါ၍ မြို့နယ်မြန်မာအီလက် ထရောနစ်မဲပေးစက်(MEVM) နည်းပညာဆိုင်ရာကြီးကြပ်မှု အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် က လင်းခေးမြို့နယ်အနေဖြင့် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် မြန်မာအီလက် ထရောနစ်မဲပေးစက်(MEVM)ဖြင့် မဲပေးရမည်ဖြစ်ပြီး မဲပေးရာတွင် အခက်အခဲမရှိ၊ ပွင်းလင်း မြင်သာ မှုရှိခြင်း၊ ပယ်မဲမရှိခြင်းနှင့် မိမိပေးလိုက်လွှတ်တော်အလိုက် ပါတီများ၏ မဲရလဒ်အခြေအနေကို မဲရုံ ပိတ်ပြီးသည့်အချိန်တွင် သိရှိနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း၊ မဲဆန္ဒရှင်များ အနေဖြင့် မဲစာရင်းကပ်ထားသည့်အချိန်တွင် မိမိတို့၏ အမည် စာရင်းပါ/မပါ ကြည့်ရှုကြရန်နှင့် မပါရှိပါက ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲထံသို့ လျှောက်ထားကြရန်၊ မဲရုံသို့လာရောက်စဉ်တွင် နိုင်ငံသား စိစစ်ရေးကတ်ပြား ယူဆောင်လာကြရန်နှင့် ကတ်ပြား မထင်မရှား၊ ပျက်စီး၊ ပျောက်ဆုံး သို့မဟုတ် အသက်(၁၈)နှစ်ပြည့်ပြီး တစ်ကြိမ်တစ်ခါမျှ မပြုလုပ်ရေးသေးသူများကို မြေပြင်ကွင်းဆင်း ဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း၊ ဆန္ဒပြုခန်းသို့ ရောက်ရှိစဉ် အချက်ပေး မီးလင်းပြီးမှ ဆန္ဒပြုခလုတ် (အပြာရောင်ခလုတ်) တစ်ကြိမ်သာ မဲပေးနိုင်ပြီး မိမိဆန္ဒမဲပေးလိုက်သည့် ပါတီမှန်ကန်မှုရှိ/မရှိအား မဲပုံး၌ (၃)စက္ကန့်မြင်တွေ့နိုင်ပါကြောင်း မြန်မာဘာသာ/ ရှမ်းဘာသာဖြင့် အသေးစိတ် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲအရာရှိ၊ ဦးချိုနိုင်က MEVMစက် ဖွဲ့စည်းတည်ဆောက်ထားခြင်း၊ ကိုင်တွယ်အသုံးပြုပုံများနှင့် မဲပေးပုံနည်းစနစ်များနှင့်စပ်လျဉ်း၍ အကျယ်တဝင့်ရှင်းလင်း ပြောကြား ခဲ့ပြီးနောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန(မြို့နယ်ဦးစီးမှူးရုံး) ဦးစီးအရာရှိ ဦးသူရနိုင်က နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းပုံစံ(၆၆/၆) ဆောင်ရွက်ပေးနေသည့် အခြေအနေတို့အား ရှင်းလင်းဆွေးနွေးပြီးနောက် တက်ရောက်လာကြသည့် မဲဆန္ဒရှင်ပြည်သူများမှ စိတ်ဝင်တစား လက်တွေ့စမ်းသပ်မဲပေးခဲ့ကြပါသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး သည် နံနက်၁၀ နာရီခွဲတွင် လင်းခေးမြို့၊ ရွာမကြီးအရှေ့ရပ်ကွက်၊ အကွက်အမှတ် (၃)၊ ဦးပိုင်အမှတ်(၈၉)၊ မြေဧရိယာ ၀.၀၅၇ ဧကနှင့် အကွက်အမှတ်(၁) မြေဧရိယာ ၀.၀၅၇ဧက၊ စုစုပေါင်းမြေဧရိယာ ၁.၁၄ ဧကအား မြေငှားဂရန်အမှုတွဲအမှတ် ၁၉/၂၀၁၉ အရ ဒေါ်နန်းမြတ်မွန်သိန်း အမည်ဖြင့် ရရှိခဲ့သည့် နှစ်(၃၀)မြေငှားဂရန်တွင် မြေဧရိယာ ၀.၀၉၇ ဧက သာ ရေးသွင်းထားပါသဖြင့် မူလဧရိယာထက် ၀.၁၇ ဧကလျော့နည်းသွားသည့်အတွက် မြေဧရိယာ အား စိစစ်၍ လိုအပ်သလို ဆောင်ရွက်ပေးပါရန် ဒေါ်နန်းမြတ်မွန်းသိန်းမှ တင်ပြလာမှုအပေါ် သက်ဆိုင်ရာ ခရိုင်/မြို့နယ် မြေစာရင်းဦးစီးဌာနမှ ခရိုင်/မြို့နယ် ဦးစီးမှူးနှင့် မြေတိုင်းစာရေးများ၊ လင်းခေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးနေခြည်၊ ရွာမကြီးအရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူး/ စာရေးတို့နှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၎င်းနောက် မောက်မယ်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးမင်းသက်နိုင်သည် နံနက် ၁၀နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ မြို့နယ်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင် ရေးအတွက် အထက်ဌာနများမှ လမ်းညွှန်မှာကြားချက်များအား လည်းကောင်း၊ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှု အခြေအနေ များအားလည်းကောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ ၊မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများနှင့် ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင်ချပြရှင်းလင်း ခဲ့ပါကြောင်းနှင့် အစည်းအဝေးသို့ ဖိတ်ကြားထားသူများ အပါအဝင်(၃၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး