
ကျိုင်းတုံ စက်တင်ဘာ-၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်း၊ မဲပေးစက် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းနှင့် မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်း ဆောင်ရွက်ပေးခြင်းကို စက်တင်ဘာလ(၁)ရက် နံနက်(၁၀)နာရီတွင်အမှတ်(၅) ရပ်ကွက်၊ ဆုဖူးမားဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သော ကျိုင်းတုံမြို့နယ်မှ ဒေသခံပြည်သူ(၂၀၀)ဦးခန့်အား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်း၊ လက်တွေ့ကိုင်တွယ်စမ်းသပ်မဲပေးခြင်း၊ မဲရလဒ်များထုတ်ပြန်ခြင်း စသည့် လုပ်ငန်းစဉ်များကို သင်ကြားပို့ချဆောင်ရွက်နေမှု အခြေအနေများအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှ့)ဥက္ကဋ္ဌ ဦးတင်လင်း နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ပါကြောင်းသိရှိရသည်၊၊
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး