
ကလော စက်တင်ဘာ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောခရိုင်၊ကလောမြို့၊မြို့နယ်ခန်းမတွင် စက်တင်ဘာ လ ၆ ရက်နေ့နံနက် ၉ နာရီက မြို့သာယာလှ ပရေးနှင့်ကလောချောင်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းအတွက် Highland Oasis Construction Company Limited မှအလှူငွေကျပ်(၅၁၂)သိန်းပေးအပ်လှူဒါန်းပွဲပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ပြည်နယ်လူမှုရေးရာဝန်ကြီး၊ကလောခရိုင်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးစိုးမြင့် နှင့်အဖွဲ့ဝင်များ၊ကလောမြို့နယ်စီမံ ခန့်ခွဲ့ရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌ ဦးစိုးသိန်းနှင့်အဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ Highland Oasis Construction Company Limited မန်နေဂျင်းဒါရိုက်တာ ဦးအေးလွင်နှင့်ဒါရိုက်တာအဖွဲ့ဝင်များ၊မြို့မိမြို့ဖများ၊ဖိတ်ကြားထားသည့်ဧည့်သည်တော်များတက်ရောက်ခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးမင်းမင်းလွင် ကအဖွင့်အမှာစကား ပြောခဲ့ပြီး Highland Oasis Construction Company Limited မန်နေဂျင်းဒါရိုက်တာ ဦးအေးလွင်နှင့်ဒါရိုက်တာအဖွဲ့ဝင်များ မှကလောမြို့သာယာလှပရေးနှင့် ကလောချောင်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းအတွက် ငွေကျပ်သိန်း(၅၀၀)၊အောင်ပန်းမြို့ အမှတ်(၂)တပ်မတော်(ခုတင်-၇၀၀)ဆေးရုံ ဆေးပဒေသာပင်အတွက် ငွေကျပ် (၃)သိန်း
၊ကလောမြို့မ ရဲစခန်းအုတ်တံတိုင်းကာရံခြင်းအတွက် ငွေကျပ်(၃)သိန်း၊မြို့နယ် နာရေးကူညီမှုအသင်းအတွက် ငွေကျပ် (၃)သိန်း၊ထင်းရှူးရနံ့ဘိုးဘွားရိပ်သာအတွက် ငွေကျပ်(၃)သိန်း၊စုစုပေါင်း ငွေကျပ်(၅၁၂) သိန်း အားပေးအပ်ခဲ့ရာ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး