တောင်ကြီး စက်တင်ဘာ ၉
၂၀၂၅ခုနှစ်ရှမ်းပြည်နယ်(၂၆)ကြိမ်မြောက်မြန်မာ့ရိုးရာယဥ်ကျေးမှုအဆို၊အက၊အရေး၊အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို စက်တင်ဘာလ(၈)ရက် ညနေ (၄)နာရီက တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပသည်။
ဆုချီးမြှင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က အခြေခံပညာ(၁၀-၁၅) အမျိုး သား မဟာဂီတအဆိုပထမဆု၊အမျိုးသမီးမဟာဂီတ အဆို ဆုရရှိသူများ၊အခြေခံပညာ (၁၅- ၂၀) အမျိုးသားမဟာဂီတအဆို ဆုရရှိသူများကိုလည်းကောင်း၊အခြေခံပညာ (၁၅-၂၀) အမျိုးသား၊ အမျိုးသမီးမဟာဂီတအဆို ဆုရရှိသူများ၊အခြေခံပညာ (၁၀- ၁၅) အမျိုးသား၊အမျိုးသမီး အဆို ခေတ်ဟောင်းကာလပေါ် ဆုရရှိသူများကို ပြည်နယ်ဝန်ကြီးချုပ် ၏ ဇနီးက လည်းကောင်းဆုများချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ဆုရရှိသူများအား ဆုများ ချီးမြှင့်ပေးအပ်ရာအခြေခံပညာ(၁၅-၂၀)အမျိုးသား၊အမျိုးသမီး အဆို ခေတ်ဟောင်းကာလပေါ် ဆုရရှိသူများ၊ အဆင့်မြင့်ပညာ အမျိုးသား၊ အမျိုးသမီး အဆိုခေတ်ဟောင်း ကာလပေါ် ဆုရရှိသူများ၊ အဆင့်မြင့်ပညာအမျိုးသား၊ အမျိုးသမီးအဆို အမျိုးဂုဏ်ဇာတိဂုဏ်မြှင့်တင်ရေးတေးသီချင်းတွင် ဆုရရှိသူများ၊အခြေခံပညာ(၁၀-၁၅) နှင့် (၁၅-၂၀) အမျိုးသား၊အမျိုးသမီး အက ဆုရရှိသူများ၊အဆင့်မြင့်ပညာအမျိုးသား၊အမျိုးသမီး အက ဆုရှိသူများ၊အခြေခံပညာအမျိုးသမီး (၁၀-၁၅) ကဗျာလွတ် အက ဂုဏ်ပြုဆုရရှိသူများ၊ အခြေခံပညာ(၁၀-၁၅)(၁၅-၂၀)စန္ဒရား၊ ပတ္တလား၊ ဒုံမင်း၊ နှဲ၊ ဆိုင်းဝိုင်းကြီးအဖွဲ့၊ အိုးစည်၊ ဒိုးပတ်ဆုရရှိသူများကို ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ကြသည်။
ထို့နောက် ရှမ်းပြည်နယ်(၂၆)ကြိမ်မြောက်မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင်ပါဝင်ဆောင်ရွက်ပေးကြသော အကဲဖြတ်ဒိုင်များ၊အဆင့်မြင့်ပညာနှင့်အခြေခံပညာ ဦးစီးဌာနတို့အား ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်ကဂုဏ်ပြုချီးမြှင့်ငွေများပေးအပ် ရာ တာဝန်ရှိသူများမှ အသီးသီးလက်ခံရယူကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများက ပြန်လည် သီဆို ကပြ ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်းသိရသည်။
ဆက်လက်၍ အောင်နိုင်ရေးအလံပေးအပ်ပွဲကိုကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပြည်နယ်အဆင့်ပြိုင်ပွဲသို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင်များမှ ဝင်ရောက်ယှဥ်ပြိုင်မှုအနေဖြင့် အဆိုပြိုင်ပွဲတွင်(၃၂)ဦး၊ အကပြိုင်ပွဲတွင်(၁၀၇)ဦးနှင့် အတီးပြိုင်ပွဲတွင်(၃၆)ဦး၊ စုစုပေါင်း(၁၇၅)ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ဆုချီးမြှင့်ပေးခဲ့မှုအနေဖြင့် ဘာသာရပ်အဆင့်အလိုက်အဆိုပြိုင်ပွဲဝင်(၂၄)ဆု၊အကပြိုင်ပွဲဝင် (၂၂)ဆုနှင့် အတီးပြိုင်ပွဲဝင်(၁၇)ဆု စုစုပေါင်း(၆၃) ဆုချီးမြှင့်ဂုဏ်ပြုပေးခဲ့ပါကြောင်း၊ ယခုရွေးချယ်ခံရသူများကို ဗဟိုအဆင့်ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် တောင်ကြီးမြို့မှာ စနစ်တကျ စခန်းသွင်း လေ့ကျင် ပေးသွားရန် စီစဉ်ထားရှိပြီးဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်များ ပြည်နယ် အတွက် ဂုဏ်ဆောင်သူများဖြစ်အောင် ကြိုးစားလေ့ကျင့်သင်ကြား သွားရန် လိုအပ်ပါကြောင်း၊ပညာရှင်များကလည်း ဗဟိုအဆင့်ပြိုင်ပွဲတွင် အောင်နိုင်ရေးအတွက် စနစ်တကျ လေ့ကျင့် ပေးသွားရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် စခန်းသွင်းကာလမှာ စည်းကမ်းနှင့်အညီ စနစ်တကျနေထိုင် လေ့ကျင့်သွားရန်လိုအပ်ပြီး ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်လိုအပ်ပါကြောင်း၊ အဖွဲ့လိုက် ပြိုင်ပွဲဝင် ကြမည့် ပြိုင်ပွဲဝင်များ အနေဖြင့်တစ်ဦးကောင်း တစ်ယောက်ကောင်းစိတ်မျိုး မမွေးဘဲ စုပေါင်း ဆောင်ရွက်တတ်သည့် စိတ်ဓာတ်၊မိသားစုစိတ်ဓာတ်ဖြင့် တက်ညီလက်ညီ လေ့ကျင့်သွားရန်လိုအပ်ပါကြောင်း၊ဗဟိုအဆင့်ပြိုင်ပွဲ သွားရောက် ယှဉ်ပြိုင်ဖို့ လိုအပ်သည့် ပြင်ဆင်မှု များကို သက် ဆိုင်ရာ ကော်မတီများက အချိန်နှင့်တပြေးညီ ဖြည့်ဆည်းဆောင်ရွက်သွားရန်နှင့် လိုအပ်ချက်များကို ပြည်နယ်အစိုးရအဖွဲ့မှ ဖြည့်ဆည်းဆောင်ရွက် ပေးမှာဖြစ်ပါ ကြောင်းပြောကြားသည်။
ယင်းနောက် ၂၀၂၅ ခုနှစ်(၂၆)ကြိမ်မြောက်မြန်မာ့ရိုးရာယဥ်ကျေးမှုအဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ နေပြည်တော်သို့သွားရောက်ယှဥ်ပြိုင်မည့် ရှမ်းပြည် နယ် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင် မည့် အဖွဲ့ထံသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင် အောင်က အောင်နိုင်ရေးအလံပေးအပ်ရာ ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်နှင့်တောင်ကြီးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်နေမျိုးတို့က လက်ခံရယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အဖွဲ့များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး