ပင်းတယ  ဩဂုတ် ၃၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ဓနုကိုယ်ပိုင်အုပ်ချုပ်‎ခွင့်ရဒေသ၊ပင်းတယမြို့နယ်၊အင်းငယ်ကျေးရွာအုပ်စု၊မြောက်ရွှေပုထိုးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဩဂုတ် ၃၁ရက်နံနက် ၁၀ နာရီခွဲအချိန်ကMEVM (မြန်မာအီလက်ထရောနစ်မဲပေးစက်) ဆိုင်ရာ အသိပညာပေးခြင်း၊လက်တွေ့စမ်းသပ်မဲပေးစေခြင်းနှင့်ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ‎သည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌဦးအာကာလင်းက အဖွင့်အမှာစကား‎ပြောကြားရာတွင် မကြာမီကာလအတွင်း တရားမျှတသော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအား‎နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး‎ကော်မရှင်ဥက္ကဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်‎၏ လမ်းညွှန်မှုဖြင့်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄)ရပ်တွင် ပါဝင်သည့်  ပါတီစုံဒီမိုကရေစီအထွေထွေရွေး‎ကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ရွေး‎ကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသော အစိုးရအား နိုင်ငံတော်တာဝန်လွဲအပ်နိုင်ရေးနှင့်ပြည်သူ‎လူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါဒီစုံဒီမိုကရေစီစနစ်ကိုအောင်မြင်စွာ လျှောက်လမ်းနိုင်ရေးအတွက် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ ပါဒီစုံဒီမိုကရေစီရွေး‎ကောက်ပွဲအား(MEVM) မြန်မာအီလက်ထရောနစ်မဲပေးစက် ဖြင့် တစ်နိုင်ငံလုံး ဆောင်ရွက်နိုင်ရေးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး၊ ပင်းတယမြို့နယ်ရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း ပင်းတယမြို့နယ်အတွင်းရှိမဲရုံများတွင်(MEVM)မြန်မာအီလက်ထရောနစ်မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ပြီးဖြစ်ပါကြောင်း စသည်တို့ကိုပြောကြားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တစ်ဦးမှ MEVM ( မြန်မာအီလက်ထရောနစ်မဲပေးစက် )နှင့်စပ်လျဉ်း၍ Power Point‎ဖြင့် ရှင်းလင်းဆွေးနွေတင်ပြပေးခဲ့ကြောင်းသိရသည်။ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသည့် အင်းငယ်ကျေးရွာအုပ်စုနေဒေသခံပြည်သူ ကျေးရွာသား/ကျေးရွာသူများက (MEVM) မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခဲ့ကြရာ ဓနုကိုယ်‎ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌနှင့်တာ‎ဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။ယင်းနောက် တက်ရောက်‎လာသည် ဒေသခံပြည်သူ ကျေးရွာသူ/ကျေးရွာသားများက  မိမိတို့၏ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို တင်ပြကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌဦးအာကာလင်းက သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့်ပြန်လည်ပေါင်းစပ်ညိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး