ကလော ဩဂုတ် ၃၀
ကလောခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများစု‌ပေါင်း၍အပတ်စဉ်စနေနေ့တိုင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၇ နာရီကရှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့၊မြို့မပရိယတ္တိစာသင်‌ကျောင်း တိုက်၌ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ကလောခရိုင်စီမံခန့်ခွဲ့ရေးနှင့်အုပ်ချုပ်‌ရေး‌ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ ကော်မတီအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များကဦးဆောင်၍ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊တပ်ရင်း၊တပ်ဖွဲ့ဝင်များက မြို့မပရိယတ္တိစာသင်တိုက်ကျောင်းဝန်းအတွင်းရှိ ချုံ၊နွယ်၊မြက်ပင်၊အမှိုက်များရှင်းလင်းခြင်းတို့ဖြင့်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး