ပင်းတယ ဩဂုတ် ၂၉
‎ရှမ်းပြည်နယ်တောင်ပိုင်း၊ဓနုကိုယ်ပိုင်အုပ်ချုပ်‎ခွင့်ရဒေသ၊ပင်းတယမြို့၊ပြန်ကြားရေးနှင့်ပြည်‎သူ့ဆက်ဆံရေးဦးစီးဌာန၊ဓနုကိုယ်ပိုင်အုပ်ချုပ်‎ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ) Community ‎Centre ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က ‌ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး‎ဌာနမှ ဖွင့်လှစ်သည့် ဒီဂျစ်တယ်အသိပညာ၊ခံ‎ယူချက်နှင့်အလေ့အကျင့်ဆိုင်ရာသင်တန်း ဖွင့်ပွဲ‎အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်‎အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌဦးအာကာ‎လင်းနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
‎ ဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့‎ဥက္ကဌဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် အသေးစားစက်မှုလက်မှုဦးစီးဌာန‎အနေနဲ့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက်‎၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်းမှာ ” အ‎သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှာ မှတ်‎ပုံတင်ရာတွင် လွယ်ကူမြန်ဆန်မှုရှိစေရန် ဒီဂျစ်
‎တယ်နည်းပညာကို အသုံးပြုပြီး မှတ်ပုံတင်‎လျှောက်လွှာလျှောက်ထားခြင်း၊သက်တမ်းတိုး‎ခြင်း၊အမည်ပြောင်းလဲခြင်းနှင့်ကုန်ပစ္စည်းများ‎ဓာတ်ခွဲစစ်ဆေးခြင်း အစရှိသည်များကို လုပ်‎ကိုင်နိုင်စေရန် ရည်ရွယ်၍ ယခုဒီဂျစ်တယ်အသိ‎ပညာပေး၊ခံယူချက်နှင့်အလေ့အကျင့်ဆိုင်ရာသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊‎Online System များကိုအသုံးပြုခြင်းဖြင့် မှတ်‎ပုံတင်လုပ်ငန်းများကို အချိန်ကုန်သက်သာစွာ‎လုပ်ကိုင်နိုင်ပြီး အချက်အလက်များ ပိုမိုတိကျ‎စွာ စီမံခန့်ခွဲနိုင်ခြင်း၊လုပ်ငန်းရှင်များအနေဖြင့်
‎Online ကိုအသုံးပြု၍ မှတ်ပုံတင်ခြင်း၊သက်‎တမ်းတိုးခြင်း အစရှိတဲ့လုပ်ငန်းစဉ်များကို အ‎ချိန်ကုန်သက်သာစွာ လုပ်ကိုင်နိုင်မှာဖြစ်ပါ‎ကြောင်းနှင့်အသေးစားစက်မှုလက်မှုလုပ်ငန်း‎ဦးစီးဌာနက လေ့ကျင့်သင်ကြားပေးလိုက်တဲ့‎နည်းပညာများကို တက်ရောက်လာတဲ့ သင်တန်း‎သား/သင်တန်းသူများအနေနဲ့ စိတ်ပါဝင်စားစွာ‎လေ့လာသင်ယူပြီး မိမိတို့အတွက်၊မိမိဒေသဖွံ့‎ဖြိုးတို့တက်ရေးအတွက် ပြန်လည်အသုံးချကြ‎စေလိုကြောင်း စသည်ဖြင့်တိုက်တွန်း ပြောကြား‎ပေးသည်။
ထိုနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး‎အဖွဲ့ဥက္ကဌမှ သင်တန်းသား/သင်တန်းသူများ၏‎ကိုယ်စား သင်တန်းသူတစ်ဦးအား သင်တန်းသုံး‎လမ်းညွှန်စာအုပ်ကို ပေးအပ်ခဲ့ကြောင်းသိရပြီး‎အဆိုပါသင်တန်းအား သင်တန်းသား/သင်တန်း‎သူ စုစုပေါင်း (၂၅) ဦးတက်ရောက်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
‎ ယင်းနောက် သင်တန်းသို့တက်ရောက်လာသည့်‎နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ခွင့်ပြုငွေဖြင့်‎စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေ‎သည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ လုပ်ငန်းရှင်‎များက မိမိတို့၏ ဆောင်ရွက်နေသည့် လုပ်ငန်း‎လိုအပ်ချက်များ တင်ပြကြရာ ဓနုကိုယ်ပိုင်အုပ်‎ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌမှ တာဝန်ရှိသူ‎များနှင့် ပြန်လည်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်‎ပေးခဲ့ကြောင်း သိရသည်။                                                                                                                                ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး