
ဆီဆိုင် ဩဂုတ်-၂၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံးမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ် အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့သည့် အစီအစဉ်(MCCT)နှင့် အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းကို ဩဂုတ်၂၈ရက်နံနက်ပိုင်းက ဆီဆိုင်မြို့အခြေခံပညာအထက်တန်းကျောင်းရှိ ယုဇနခန်းမ၌ ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။
ဆင့်ပွားသင်တန်းတွင် ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးမိုးစန်းက ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့သည့် အစီအစဉ်(MCCT)လုပ်ငန်းစဉ်များအကြောင်းကို လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ခင်ရတနာလှိုင်က အာဟာရအကြောင်းကို လည်းကောင်း ပရိုဂျက်တာဖြင့် အကျယ်တဝင့် အသိပညာပေးရှင်းလင်းပြောကြားခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး တာဝန်ရှိသူတို့က ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့သည်။ အဆိုပါ ဆင့်ပွားသင်တန်းသို့ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာစာရင်းဝန်ထမ်းများတို့ တက်ရောက်ကြပြီး သင်တန်းအား တစ်ရက်တာဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး