
ကျိုင်းတုံ ဩဂုတ် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်း သင်တန်းနှင့် မဲမေးစက် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ဇူလိုင် ၂၁ ရက်မှ ဩဂုတ် ၃၀ ရက်အထိ အထက-၂ ကျောင်း၊ သံလွင်ခန်းမ၌ ကျိုင်းတုံမြို့နယ်မှ သင်တန်းသား/သင်တန်းသူ(၁၃၅၅)အား ဖွင့်လှစ်သင်ကြားဆောင်ရွက်လျက်ရှိပါသည်။
သင်တန်းတွင် သင်တန်းသား/သင်တန်းသူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်း၊ လက်တွေ့ကိုင်တွယ်စမ်းသပ်မဲပေးခြင်း၊ မဲရလဒ်များထုတ်ပြန်ခြင်း စသည့် လုပ်ငန်းစဉ်များကို သင်ကြားပို့ချဆောင်ရွက်နေမှု အခြေအနေများအား ဩဂုတ် ၂၈ ရက် နေ့လည် (၂) နာရီတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှ့)ဥက္ကဋ္ဌ ဦးတင်လင်း နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် တွဲဖက်အတွင်းရေးမှူး(၂) ဦးကျော်မိုး(ရွေးကောက်ပွဲအရာရှိ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းရုံးခွဲ)တို့က ကြည့်ရှုအားပေးခဲ့ပြီးနောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှ့)ဥက္ကဌနှင့်အဖွဲ့ဝင်များက သင်တန်းအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး