
တောင်ကြီး ဩဂုတ်၂၇
တောင်ကြီးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လှိုင်သည် ခရိုင်/ မြို့နယ် စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ဩဂုတ်(၂၇)ရက်၊ ညနေ(၃)နာရီတွင် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ခရိုင်အဆင့် ပြိုင်ပွဲဝင်များအား ရွေးချယ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များတောင်ကြီးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်စောက်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ရပ်စောက်မြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး၊ တောင်ကြီးတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီး/ ရပ်စောက်မြို့နယ် ပညာရေးမှူးများ၊ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့အပါအဝင် စုစုပေါင်းအင်အား(၃၅)ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး